back

ရန်ကုန်မြို့ရှိ အမေရိကန်သံရုံး၏ ယာယီတာဝန်ခံအဖြစ် ဒေါက်ဂလပ်စ် အီးဆောန်နစ်ခ်က တာဝန်ယူဆောင်ရွက်မည်

Jan 16 • 3:52 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်မြို့ရှိ အမေရိကန်သံရုံး၏ ယာယီတာဝန်ခံအဖြစ် ဒေါက်ဂလပ်စ် အီးဆောန်နစ်ခ်က တာဝန်ယူဆောင်ရွက်မည်

ရန်ကုန်မြို့ရှိ အမေရိကန်သံရုံး၏ ယာယီတာဝန်ခံအဖြစ် ဒေါက်ဂလပ်စ် အီးဆောန်နစ်ခ်က တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း အမေရိကန်သံရုံးက သတင်းထုတ်ပြန်သည်။လက်ရှိတွင် အမေရိကန်သ...


ရန်ကုန်မြို့ရှိ အမေရိကန်သံရုံး၏ ယာယီတာဝန်ခံအဖြစ် ဒေါက်ဂလပ်စ် အီးဆောန်နစ်ခ်က တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း အမေရိကန်သံရုံးက သတင်းထုတ်ပြန်သည်။လက်ရှိတွင် အမေရိကန်သံရုံးအကြီးအကဲအဖြစ် ဆူဆန်စတီဗင်ဆင်က တာဝန်ယူထားပြီး ဇန်နဝါရီလလယ်တွင် သူမ၏ တာဝန်ပြီးဆုံးမည်ဖြစ်သည်။သံရုံးယာယီတာဝန်ခံအဖြစ် ဆောင်ရွက်မည့်သူမှာ ဒေါက်ဂလပ်စ် အီးဆောန်နစ်ခ်ဖြစ်ပြီး ၎င်းမှာ မြန်မာနိုင်ငံနှင့် စိမ်းသူမဟုတ်ကြောင်း၊မြန်မာနိုင်ငံ၏သမိုင်းကြောင်းတွင် အရေးပါသော အချိုးအကွေ့ကာလဖြစ်သည့် ၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ သံရုံး၏ နိုင်ငံရေးနှင့် စီးပွားရေးဌာနကို ဦးဆောင်ခဲ့သူ ဖြစ်ကြောင်း သံရုံးက ထုတ်ပြန်သည်။ အမေရိကန်ပြည်ထောင်စုမှ မြန်မာပြည်သူများအပေါ် ထားရှိသည့် နှစ်ပေါင်း ၈၀ နီးပါး ကြာမြင့်ပြီဖြစ်သော ကတိကဝတ်များကို ဆက်လက်ဖော်ဆောင်သွားမည့် ဤဦးဆောင်မှုအခန်းကဏ္ဍသစ်တွင် ဒေါက်ဂ်ကို နွေးထွေးစွာ ကြိုဆိုပေးကြပါရန် ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးက သတင်းထုတ်ပြန်သည်။

news-view-count-icon

18