back

အမြန်လမ်းမကြီးတစ်လျှောက် ၂၀၂၅ ခုနှစ်အတွင်း ယာဉ်မတော်တဆမှုပေါင်း ၁၈၀ ဖြစ်ပွားခဲ့

Jan 16 • 3:45 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

အမြန်လမ်းမကြီးတစ်လျှောက် ၂၀၂၅ ခုနှစ်အတွင်း ယာဉ်မတော်တဆမှုပေါင်း ၁၈၀ ဖြစ်ပွားခဲ့

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက် ၂၀၂၅ ခုနှစ်အတွင်း ယာဉ်မတော်တဆမှု စုစုပေါင်း ၁၈၀ မှု ဖြစ်ပွားခဲ့ရာ လူ ၆၄ ဦး သေဆုံးပြီး ၃၄၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း...

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက် ၂၀၂၅ ခုနှစ်အတွင်း ယာဉ်မတော်တဆမှု စုစုပေါင်း ၁၈၀ မှု ဖြစ်ပွားခဲ့ရာ လူ ၆၄ ဦး သေဆုံးပြီး ၃၄၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှ သိရသည်။ ယခင် ၂၀၂၄ ခုနှစ်တွင် ယာဉ်တိုက်မှု ၂၀၃ မှု၊ သေဆုံးသူ ၈၈ ဦးနှင့် ဒဏ်ရာရရှိသူ ၃၆၀ ဦး ရှိခဲ့သဖြင့် ၂၀၂၅ ခုနှစ်တွင် မတော်တဆဖြစ်ပွားမှုနှင့် ထိခိုက်သေဆုံးမှုနှုန်း သိသိသာသာ လျော့နည်းသွားခြင်း ဖြစ်သည်။ အမြန်လမ်းရဲတပ်ဖွဲ့အနေဖြင့် အရှိန်လွန်မောင်းနှင်သည့် ယာဉ်များကို တင်းကျပ်စွာ စစ်ဆေးဖမ်းဆီးလျက်ရှိပြီး သေဆုံးမှုအများစုမှာ ထိုင်ခုံခါးပတ် မပတ်ခြင်းကြောင့် ဖြစ်ပွားရခြင်းဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားပါသည်။

news-view-count-icon

44