အီရန်နိုင်ငံသည် ဇန်နဝါရီ ၁၅ ရက် နံနက်ပိုင်းတွင် မည်သည့်အကြောင်းရင်းမှ ထုတ်ဖော်ပြောကြားခြင်းမရှိဘဲ ၎င်း၏လေပိုင်နက်ကို ၄ နာရီကျော်ကြာ ပိတ်ပင်ခဲ့သဖြင့် နိုင်ငံတကာခရီးသည်တင်လေယာဉ်များ လမ်းကြောင်းရှောင်ကွင်းပျံသန်းခဲ့ရကြောင်း သိရသည်။ လက်ရှိတွင် အီရန်အစိုးရနှင့် အမေရိကန်တို့ကြား စစ်ရေးနှင့် နိုင်ငံရေးတင်းမာမှုများ မြင့်တက်နေချိန်ဖြစ်ပြီး ယခင်ကလည်း ၂၀၂၀ ပြည့်နှစ်တွင် ယူကရိန်းခရီးသည်တင်လေယာဉ်ကို ရန်သူ့ပစ်မှတ်အဖြစ် မှားယွင်းယူဆကာ ဒုံးကျည်ဖြင့် ပစ်ချခဲ့ဖူးသည့် သာဓကများရှိခဲ့သည်။ ယခုကဲ့သို့ ရုတ်တရက် လေပိုင်နက်ပိတ်ခြင်းသည် လေကြောင်းလိုင်းများအတွက် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်စေခဲ့သော်လည်း အီရန်အစိုးရဘက်မှမူ ယခုဖြစ်စဉ်နှင့်ပတ်သက်၍ တစ်စုံတစ်ရာ ရှင်းလင်းထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရှိရပါသည်။
Jan 16 • 3:44 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 22 | 0 | 0 | 0 |


