၂၀၂၆ ASEAN Hyundai Cup အုပ်စုမဲခွဲပွဲ အခမ်းအနားကို ယနေ့တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့၌ ကျင်းပခဲ့ရာ မြန်မာ့လက်ရွေးစင်အသင်းသည် အုပ်စု (B) တွင် ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ လာအိုတို့နှင့်အတူ တစ်အုပ်စုတည်း ကျရောက်ခဲ့သည်။ အုပ်စု (A) တွင်မူ လက်ရှိချန်ပီယံ ဗီယက်နမ်နှင့်အတူ စင်ကာပူ၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားနှင့် ခြေစစ်ပွဲအောင်အသင်းတို့ ပါဝင်နေသည်။ မြန်မာအသင်းသည် အုပ်စုအဆင့်တွင် မလေးရှားနှင့် လာအိုအသင်းတို့ကို အိမ်ကွင်း၌ လက်ခံကစားရမည်ဖြစ်ပြီး၊ ဖိလစ်ပိုင်နှင့် ထိုင်းအသင်းတို့ကိုမူ အဝေးကွင်းတွင် သွားရောက်ရင်ဆိုင်ရမည်ဖြစ်သည်။ နောက်ဆုံးအဆင့်ပြိုင်ပွဲကို ဇူလိုင်လ ၂၄ ရက်မှ ဩဂုတ်လ ၂၆ ရက်အထိ ကျင်းပသွားမည်ဖြစ်ကာ ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲများကို အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့စနစ်ဖြင့် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
| 19 | 0 | 0 | 0 |


