ထိုင်းနိုင်ငံ၏ အိမ်ခြံမြေဈေးကွက်သည် ၁၉၉၇ ဘဏ္ဍာရေးအကျပ်အတည်းနောက်ပိုင်း နှစ်ပေါင်း ၃၀ နီးပါးကာလအတွင်း အဆိုးရွားဆုံး အခြေအနေသို့ ရောက်ရှိနေသည်။ လက်ရှိတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရောင်းမထွက်သေးသော အိမ်ရာနှင့် ကွန်ဒိုအခန်းပေါင်း ၄၀၀,၀၀၀ ခန့် (ဘန်ကောက်၌ ၂၂၀,၀၀၀ ခန့်) အထိ ပုံနေပြီး၊ အတိုးနှုန်းမြင့်တက်လာမှုနှင့်အတူ ဘဏ်များက အိမ်ရာချေးငွေထုတ်ပေးရန် တင်းကျပ်ထားခြင်းကြောင့် ချေးငွေပယ်ချခံရမှုနှုန်း ၄၀ ရာခိုင်နှုန်းခန့်အထိ ရှိနေသည်။ သို့သော် မြို့လယ်ခေါင်ရှိ အဆင့်မြင့်အိမ်ရာများနှင့် ဖူးခက်၊ ပတ္တရား၊ စီရီရာချာတို့ကဲ့သို့ ခရီးသွားနှင့် စက်မှုဇုန်နယ်မြေများတွင်မူ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကြောင့် ဈေးကွက်အခြေအနေ ကောင်းမွန်နေဆဲဖြစ်သည်။ ပညာရှင်များက ၂၀၂၆ ခုနှစ် ထိုင်းစီးပွားရေးမှာ ၁.၆ ရာခိုင်နှုန်းသာ တိုးတက်မည်ဟု ခန့်မှန်းထားပြီး ဈေးကွက်ပြန်လည်ဦးမော့လာစေရန် အတိုးနှုန်းလျှော့ချခြင်းနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများ လိုအပ်နေကြောင်း သုံးသပ်ထားကြသည်။
Jan 16 • 3:38 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 14 | 0 | 0 | 0 |


