back

ပြည်ပတင်ပို့သည့် ဖရဲသီးဈေးကွက် အေးနေပြီး ဈေးနှုန်းများ တဖြည်းဖြည်း ကျဆင်းလာ

Jan 16 • 3:38 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည်ပတင်ပို့သည့် ဖရဲသီးဈေးကွက် အေးနေပြီး ဈေးနှုန်းများ တဖြည်းဖြည်း ကျဆင်းလာ

လက်ရှိတွင် ပြည်ပသို့ တင်ပို့နေသည့် မြန်မာ့ဖရဲသီးဈေးကွက်သည် တအိအိဖြင့် ဈေးနှုန်းကျဆင်းနေကြောင်း ကုန်သည်များနှင့် လုပ်ငန်းရှင်များထံမှ သိရသည်။ တရုတ်နိုင်ငံတွင် ရာ...

လက်ရှိတွင် ပြည်ပသို့ တင်ပို့နေသည့် မြန်မာ့ဖရဲသီးဈေးကွက်သည် တအိအိဖြင့် ဈေးနှုန်းကျဆင်းနေကြောင်း ကုန်သည်များနှင့် လုပ်ငန်းရှင်များထံမှ သိရသည်။ တရုတ်နိုင်ငံတွင် ရာသီဥတု အအေးပိုနေခြင်း၊ ဝယ်ယူစားသုံးမှုနှုန်း လျော့ကျခြင်းနှင့် လာအိုနိုင်ငံမှ ဖရဲသီးများ ဈေးကွက်အတွင်း အဝင်များနေခြင်းတို့ကြောင့် ယခုကဲ့သို့ ဈေးကျဆင်းလာခြင်း ဖြစ်သည်။ လက်ရှိတွင် ဖရဲသီးတစ်စီးလျှင် ယွမ် ၃၀,၀၀၀ မှ ၄၀,၀၀၀ အထိ ပေါက်ဈေးရှိပြီး အရည်အသွေး အထူးကောင်းမွန်မှသာ ယွမ် ၅၀,၀၀၀ အထက် ရရှိနိုင်သဖြင့် အရည်အသွေးကောင်းသည့် အသီးများကိုသာ ရွေးချယ်တင်ပို့ရန် တိုက်တွန်းထားသည်။ သွင်းအားစုနှင့် လမ်းစရိတ် ကြီးမြင့်မှုများကြောင့် တောင်သူများအနေဖြင့် ဈေးကွက်အခြေအနေကို စောင့်ကြည့်ကာ ဈေးမရပါက ခူးဆွတ်မှုကို ဆိုင်းငံ့ထားရန် သို့မဟုတ် ပြည်တွင်းဈေးကွက်သို့သာ အားထားရောင်းချရန် ကျွမ်းကျင်သူများက အကြံပြုထားပါသည်။

news-view-count-icon

30