back

ထိုင်းနိုင်ငံ ဖူးခက်တွင် EDC Thailand 2026 ဂီတပွဲတော်ကြီး ယနေ့စတင်

Jan 16 • 3:31 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ ဖူးခက်တွင် EDC Thailand 2026 ဂီတပွဲတော်ကြီး ယနေ့စတင်

ကမ္ဘာကျော် လျှပ်စစ်ဂီတပွဲတော်ကြီးဖြစ်သည့် Electric Daisy Carnival (EDC) Thailand 2026 ကို ထိုင်းနိုင်ငံ၊ ဖူးခက်ကမ်းခြေ၌ ဒုတိယအကြိမ်မြောက်အဖြစ် ယနေ့ (ဇန်နဝါရီ ၁၆...

ကမ္ဘာကျော် လျှပ်စစ်ဂီတပွဲတော်ကြီးဖြစ်သည့် Electric Daisy Carnival (EDC) Thailand 2026 ကို ထိုင်းနိုင်ငံ၊ ဖူးခက်ကမ်းခြေ၌ ဒုတိယအကြိမ်မြောက်အဖြစ် ယနေ့ (ဇန်နဝါရီ ၁၆ ရက်) မှ စတင်ကာ ၁၈ ရက်နေ့အထိ ၃ ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။ ယခုနှစ်တွင် ထူးခြားသည့် အစီအစဉ်များဖြစ်သော Center Tower၊ ဂိမ်းကစားနိုင်သည့် Kandi Casino၊ ထိုင်းနိုင်ငံ၏ နာမည်ကြီး Drag Queens များ ဖျော်ဖြေမည့် Diva Bar နှင့် Karaoke Battle trucks များပါဝင်လာသဖြင့် ပိုမိုစုံလင်လာသည်။ လက်မှတ်ဈေးနှုန်းများမှာ တစ်ရက်စာအတွက် ၄,၇၀၀ ဘတ်မှ စတင်ကာ ၃ ရက်စာ VIP လက်မှတ်မှာ ၁၅,၅၉၀ ဘတ်အထိ ရှိကြောင်း သိရှိရပါသည်။

news-view-count-icon

26