ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ သမိုင်းဝင် သီရိမင်္ဂလာကမ္ဘာအေးစေတီတော်မြတ်ကြီး၏ (၇၄) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်မှ ၃၁ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။ ပွဲတော်ကာလအတွင်း အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ခြင်း၊ ဇန်နဝါရီ ၂၇ ရက်မှ ၂၉ ရက်အထိ ထမနဲထိုးပွဲများ ကျင်းပခြင်းနှင့် ဇန်နဝါရီ ၃၁ ရက်တွင် ဆွမ်းတော်ကြီးကပ်လှူခြင်း၊ အနေကဇာတင်လှူခြင်းနှင့် ပင့်သံဃာ ၄၈ ပါးတို့အား ဆွမ်းဆန်စိမ်းလောင်းလှူခြင်း အစီအစဉ်များကို ပြုလုပ်သွားမည်ဖြစ်သည်။ အဆိုပါ ကုသိုလ်တော်ပွဲ၌ ပါဝင်လိုသူ မည်သူမဆို ထမနဲဆွမ်း၊ ဆွမ်းဆန်စိမ်းနှင့် နဝကမ္မအလှူငွေများကို စေတီတော်ဂေါပကအဖွဲ့ထံ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရှိရပါသည်။
Jan 16 • 3:29 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 18 | 0 | 0 | 0 |


