၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် ပြင်းအားကြီး မန္တလေးငလျင်ကြောင့် သေဆုံးသူ ၃,၈၁၈ ဦး၊ ဒဏ်ရာရရှိသူ ၅,၁၀၄ ဦးနှင့် ပျောက်ဆုံးသူ ၅ ဦးအထိ ရှိခဲ့ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်ခဲ့သည်။ ငလျင်ဘေးသည် ကြိုတင်သတိပေးရန် ခက်ခဲပြီး ပျက်စီးဆုံးရှုံးမှု များပြားလှသဖြင့် ထိခိုက်မှုများ လျော့နည်းစေရန်အတွက် ဝန်ကြီးဌာနအနေဖြင့် ဒေသအုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်းကာ အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံ၏ အရှည်လျားဆုံးဖြစ်သော စစ်ကိုင်းပြတ်ရွေ့ကြောသည် ကီလိုမီတာ ၁,၂၀၀ ကျော်အထိ ရှိနေသဖြင့် ပြည်သူများအနေဖြင့် ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ငလျင်ဘေး ကြိုတင်ပြင်ဆင်ရန် နှိုးဆော်ချက်များကို လိုက်နာပူးပေါင်းဆောင်ရွက်ကြရန် အသိပေးထားပါသည်။
၂၀၂၅ မန္တလေးငလျင်ကြီးတွင် လူပေါင်း ၃,၈၀၀ ကျော် သေဆုံးခဲ့ကြောင်း ထုတ်ပြန်၊ ငလျင်ဘေးအသိပညာပေးမှုများ တိုးမြှင့်ဆောင်ရွက်
Jan 16 • 3:28 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 24 | 0 | 0 | 0 |


