back

အစိုးရကျောင်းများကို စံချိန်မီအရည်အသွေးမြင့်မားလာစေရန် မဖြစ်မနေ အဆင့်မြှင့်တင်မည်

Jan 16 • 3:32 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

အစိုးရကျောင်းများကို စံချိန်မီအရည်အသွေးမြင့်မားလာစေရန် မဖြစ်မနေ အဆင့်မြှင့်တင်မည်

နိုင်ငံအတွင်းရှိ အစိုးရကျောင်းများကို စံချိန်မီသည့် ကျောင်းများဖြစ်လာစေရန် မဖြစ်မနေ အဆင့်မြှင့်တင်ပေးသွားမည်ဖြစ်ကြောင်း ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ မြှင့်တင်ရေး ...

နိုင်ငံအတွင်းရှိ အစိုးရကျောင်းများကို စံချိန်မီသည့် ကျောင်းများဖြစ်လာစေရန် မဖြစ်မနေ အဆင့်မြှင့်တင်ပေးသွားမည်ဖြစ်ကြောင်း ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ မြှင့်တင်ရေး ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။ နိုင်ငံ့ဝန်ထမ်းမိသားစုများနှင့် သာမန်ဝင်ငွေရှိသူများ၏ သားသမီးများ အဓိကထား ပညာသင်ကြားနေသည့် အစိုးရကျောင်းများ၏ အရည်အသွေးကို မြှင့်တင်ရန် လိုအပ်သကဲ့သို့ သင်ကြားရေးပိုင်းတွင်လည်း အရည်အချင်းရှိသော ဆရာ၊ ဆရာမများ ပေါ်ထွက်လာစေရန် ဘွဲ့လွန်သင်တန်းများ ပေးအပ်နိုင်ရေး အလေးထားဆောင်ရွက်မည်ဖြစ်သည်။ ထို့ပြင် ဆရာအတတ်သင်ကျောင်းများနှင့် ပညာရေးဒီဂရီကောလိပ်များကိုလည်း တက္ကသိုလ်အဆင့်သို့ မြှင့်တင်သွားရန် လိုအပ်ပြီး သင်ကြားရေးဝန်ထမ်း လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

23