back

မုဒုံမြို့ ကတုံးပေါ်ကျေးရွာ မီးဘေးသင့်အိမ်ထောင်စုများကို တစ်အိမ်လျှင် ၄ သိန်းနှုန်းဖြင့် ထောက်ပံ့

Jan 16 • 3:23 AM

breaking-news

မြန်မာ

မွန်

cover

မုဒုံမြို့ ကတုံးပေါ်ကျေးရွာ မီးဘေးသင့်အိမ်ထောင်စုများကို တစ်အိမ်လျှင် ၄ သိန်းနှုန်းဖြင့် ထောက်ပံ့

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကတုံးပေါ်ကျေးရွာတွင် ဇန်နဝါရီလ ၈ ရက်က ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည့် ပြည်သူများအတွက် မော်လမြိုင်ဒေသခံ ...

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကတုံးပေါ်ကျေးရွာတွင် ဇန်နဝါရီလ ၈ ရက်က ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည့် ပြည်သူများအတွက် မော်လမြိုင်ဒေသခံ ပရဟိတအဖွဲ့ ၇ ဖွဲ့ စုပေါင်းကာ ဇန်နဝါရီ ၁၅ ရက်တွင် သွားရောက်ထောက်ပံ့ခဲ့သည်။ မီးဘေးသင့်အိမ်ထောင်စု ၅၇ စုအတွက် တစ်အိမ်ထောင်လျှင် ငွေကျပ် ၄ သိန်းနှုန်းအပြင် အဝတ်အထည်၊ ကျောင်းသုံးပစ္စည်းနှင့် စားသောက်ဖွယ်ရာများကို ပေးအပ်ခဲ့ပြီး၊ မီးလောင်မှုအတွင်း ဆုံးရှုံးခဲ့ရသည့် ဒေသခံ "စေတနာရှင်လူမှုကယ်ဆယ်ရေးအသင်း" ပြန်လည်ထူထောင်ရန်အတွက်လည်း မတည်ငွေကျပ် သိန်း ၃၀ လှူဒါန်းခဲ့သည်။ လက်ရှိတွင် မီးဘေးသင့်ပြည်သူ ၂၁၃ ဦးမှာ ကျေးရွာဓမ္မာရုံနှင့် ကယ်ဆယ်ရေးရုံးတို့၌ ယာယီခိုလှုံနေကြရဆဲဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

24