မလေးရှားနိုင်ငံလူ့အခွင့်အရေးကော်မရှင်က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သည့် မြန်မာနိုင်ငံနှင့်ပတ်သက်သော ကြေညာချက်ကို မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) က ဇန်နဝါရီ ၁၅ ရက်တွင် ပြင်းပြင်းထန်ထန်နှင့် ပြတ်ပြတ်သားသား ပယ်ချလိုက်သည်။ အဆိုပါ ထုတ်ပြန်ချက်သည် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို မျက်ကွယ်ပြုကာ အထောက်အထားမဲ့ စွပ်စွဲထားသည့် တစ်ဖက်သတ်အမြင်များသာဖြစ်ပြီး အာဆီယံ၏ ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်ခြင်းမပြုရေးမူဝါဒကို တိုက်ရိုက်ချိုးဖောက်ခြင်းဖြစ်သည်ဟု ရှုတ်ချခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် ပုံမှန်အခြေအနေနှင့် ဒီမိုကရေစီလုပ်ငန်းစဉ်များ ပြန်လည်ရရှိရန် ကြိုးပမ်းနေချိန်တွင် ပြင်ပမှ ဝင်ရောက်စွက်ဖက်ခြင်းသည် တည်ငြိမ်မှုကို ထိပါးစေသော အန္တရာယ်ရှိသည့်လုပ်ရပ်ဖြစ်ကြောင်းနှင့် လက်ရှိကျင်းပနေသော ပါတီစုံအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) နှင့် (၂) ကို လွတ်လပ်၍ တရားမျှတစွာ အောင်မြင်စွာကျင်းပနိုင်ခဲ့သလို တတိယအပိုင်းကိုလည်း ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း MNHRC က အသိပေးထုတ်ပြန်ထားသည်။
မလေးရှားလူ့အခွင့်အရေးကော်မရှင်၏ ထုတ်ပြန်ချက်ကို မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ပြင်းထန်စွာပယ်ချ
Jan 16 • 3:22 AM
မလေးရှား
ပြည်တွင်း
မျှဝေမည်
| 11 | 0 | 0 | 0 |


