back

အိမ်အရောက်ပို့ဆန်ရောင်းချမှု ရွှေဘိုပေါ်ဆန်း နှင့် ဧည့်မထဈေးတက်လာ

Jan 16 • 3:20 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

အိမ်အရောက်ပို့ဆန်ရောင်းချမှု ရွှေဘိုပေါ်ဆန်း နှင့် ဧည့်မထဈေးတက်လာ

ရန်ကုန်တိုင်းအတွင်း ဆန်ဈေးနှုန်းတည်ငြိမ်စေရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ အိမ်အရောက်ပို့စနစ်ဖြင့် ရောင်းချပေးနေသည့် ဆန်ဈေးနှုန်းများမှာ ဇန်နဝါရီလအတွင်း မြင...

ရန်ကုန်တိုင်းအတွင်း ဆန်ဈေးနှုန်းတည်ငြိမ်စေရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ အိမ်အရောက်ပို့စနစ်ဖြင့် ရောင်းချပေးနေသည့် ဆန်ဈေးနှုန်းများမှာ ဇန်နဝါရီလအတွင်း မြင့်တက်လာကြောင်း သိရသည်။ ယခင်လနှင့်နှိုင်းယှဉ်ပါက ရွှေဘိုပေါ်ဆန်း (ဟောင်း) နှင့် ဧည့်မထဆန်များမှာ တစ်အိတ်လျှင် ၂,၀၀၀ ကျပ်စီ မြင့်တက်သွားပြီး လက်ရှိတွင် ရွှေဘိုပေါ်ဆန်း (ဟောင်း) ၂၄ ပြည်တစ်အိတ်လျှင် ၁၈၂,၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်း (သစ်) ၁၅၅,၀၀၀ ကျပ် နှင့် ဧည့်မထ (၁၅ မှတ်) ၅၂,၀၀၀ ကျပ်အသီးသီး ဖြစ်ပေါ်နေသည်။ ဝယ်ယူလိုသူများအနေဖြင့် အသင်းချုပ်၏ ဖုန်းနံပါတ်များသို့ SMS သို့မဟုတ် Viber မှတစ်ဆင့် မှာယူနိုင်ပြီး KBZ Pay ဖြင့် ငွေကြိုတင်ပေးသွင်းကာ ၃ ရက်အတွင်း အိမ်အရောက် အခမဲ့ပို့ဆောင်ပေးသည့်စနစ်ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။

news-view-count-icon

35