နယ်သာလန်နိုင်ငံ၊ သည်ဟိတ်ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုမှုကို ရင်ဆိုင်ရန် ရောက်ရှိနေသည့် မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က နိုင်ငံတော်၏ ဂုဏ်သိက္ခာအတွက် အစွမ်းကုန် ကြိုးစားသွားမည်ဖြစ်ကြောင်း ဇန်နဝါရီလ ၁၅ ရက်တွင် ရုပ်သံမှတစ်ဆင့် ပြောကြားခဲ့သည်။ ဂမ်ဘီယာဘက်မှ လူမျိုးသုဉ်းစေမှုမြောက်ရန် ဘက်ပေါင်းစုံမှ အသေးစိတ်စွပ်စွဲ လျှောက်လဲနေမှုများအပေါ် မြန်မာနိုင်ငံဘက်က အကောင်းဆုံး တုံ့ပြန်ကာကွယ်သွားမည်ဖြစ်ပြီး၊ အဆိုပါကမ္ဘာ့တရားခွင်တွင် ပြည်သူလူထု၏ ထောက်ခံအားပေးမှုဖြင့် ဆက်လက်ရပ်တည်ရင်ဆိုင်နေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ ICJ ကြားနာပွဲကို ဇန်နဝါရီ ၁၂ ရက်မှ ၂၉ ရက်အထိ ပြုလုပ်နေခြင်းဖြစ်ကာ မြန်မာနိုင်ငံအနေဖြင့် ဇန်နဝါရီ ၁၆ ရက်မှစ၍ နှစ်ကြိမ်ခွဲကာ ပြန်လည်လျှောက်လဲချက် ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
ICJ အမှုတွင် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာအတွက် အစွမ်းကုန်ခုခံကာကွယ်မည်ဟု ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ပြောကြား
Jan 16 • 3:19 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 57 | 0 | 0 | 0 |


