ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ (ASEAN Para Games) တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့သည် ဇန်နဝါရီလ ၁၅ ရက် နံနက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ ရောက်ရှိသွားပြီဖြစ်သည်။ အားကစားအဖွဲ့ဝင် စုစုပေါင်း ၁၄၅ ဦးပါဝင်သည့် အဆိုပါအဖွဲ့ကို မြန်မာသံအမတ်ကြီးနှင့် စစ်သံမှူးကြီးတို့က ဒွန်မောင်းလေဆိပ်၌ ကြိုဆိုခဲ့ကြပြီး၊ ယခုပြိုင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း ၁၁ နည်း၌ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။


