၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်က ကျင်းပခဲ့သော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) တွင် မြို့နယ် ၅၂ မြို့နယ်အတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်စာရင်းကို ထုတ်ပြန်ခဲ့ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ ကိုယ်စားလှယ် ၄၄ ဦးဖြင့် အများဆုံးအနိုင်ရရှိခဲ့ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ဇန်နဝါရီ ၁၅ ရက်တွင် ကြေညာခဲ့သည်။ စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူးနှင့် မန္တလေးတိုင်းဒေသကြီးတို့ရှိ မဲဆန္ဒနယ် ၃၀ လုံးကို USDP က အပိုင်ရရှိခဲ့ပြီး မကွေးတိုင်းတွင် ၈ နေရာ၊ ကယားနှင့် ကချင်ပြည်နယ်တို့တွင်လည်း အများစုအနိုင်ရခဲ့သော်လည်း မွန်ပြည်နယ်၌မူ မွန်ညီညွတ်ရေးပါတီ (MUP) က ၄ နေရာဖြင့် အသာစီးရခဲ့သည်။ လက်ရှိအချိန်ထိ အပိုင်း (၁) နှင့် (၂) စုစုပေါင်း ပြည်သူ့လွှတ်တော်နေရာ ၁၆၈ နေရာတွင် USDP က ၁၄၆ နေရာဖြင့် ရှေ့ဆောင်နေပြီး၊ ကျန်ရှိသည့် မြို့နယ် ၆၃ မြို့နယ်အတွက် ရွေးကောက်ပွဲ အပိုင်း (၃) ကို လာမည့် ဇန်နဝါရီ ၂၅ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
Jan 16 • 3:16 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 31 | 0 | 0 | 0 |


