မန်ယူအသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က လက်ရှိဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အသင်းကနေ မထွက်ခွာဘူးလို့ ကတိပေးလိုက်ပါတယ်။မန်ယူအသင်းနည်းပြ ရာထူးကနေ အာမိုရင်မ် ထုတ်ပယ်ခံရပြီးနောက် ဘရူနိုဖာနန်ဒက်စ်ရဲ့အနာဂတ်လှုပ်ခတ်လာတာဖြစ်ပါတယ်။ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလမှာသူ့ကို ဆော်ဒီလိဂ်ကစိတ်ဝင်စားဖူးပြီး မန်ယူအသင်းဘက်ကလည်း ရောင်းချဖို့ စဉ်းစားခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဘရူနိုဖာနန်ဒက်စ်က မန်ယူအသင်းမှာပဲဆက်ကစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ဘရူနိုဖာနန်ဒက်စ်က လက်ရှိရာသီကုန်ဆုံးရင် မန်ယူအသင်းနဲ့ စာချုပ်သက်တမ်းတစ်နှစ်သာကျန်တော့မှာ ဖြစ်ပြီး အဲဒီအချိန်ကျရင် သူ့ရဲ့အနာဂတ်ကို ဆုံးဖြတ်သွားမယ်လို့ပြောထားပါတယ်။
Jan 16 • 2:46 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 17 | 0 | 0 | 0 |


