၂၀၂၆ခုနှစ်၊ဇန်နဝါရီလ၊(၁၅)ရက်
သာသနာဆိုင်ရာ တိပိဋကဓရ၊တိပိဋကကောဝိဒရွေးချယ်ရေး အာဂုံ/ ရေးဖြေစာမေးပွဲကို ကမ္ဘာအေး၊ ဆဋ္ဌသင်္ဂါယနာ မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီးမှာကျင်းပလျက်ရှိပြီး သံဃာတော် ၁၅၅ ပါးတို့ အာဂုံပြန်ဆိုပြီး စီးခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။အာဂုံပြန်ဆိုပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၁ ရက် မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၃ ရက်အထိ ၃ ရက်ပြန် ၁ ရက်နား စနစ်ဖြင့် (၁၈)ရက်တိုင်တိုင် ကျင်းပပြုလုပ် ခဲ့ရာ စာရင်းသွင်း ၂၆၁ ပါးအနက် လုံးဝမပြန်ဆို ၇၁ ပါး၊ ပြန်ဆိုစဉ်ပျက် ၃၅ ပါး၊ အစအဆုံးပြန် ၁၅၅ ပါးတို့ အာဂုံပြန်ဆိုပြီးစီးခဲ့တာဖြစ်ပါတယ်။တိပိဋကဓရ တိပိဋကကောဝိဒ ရေးဖြေစာမေးပွဲ ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၅ ရက်မှ ၁၉ ရက်အထိ ဆက်လက်ကျင်းပပြုလုပ်သွားမှာဖြစ်ပြီးသံဃာတော်၊ဆရာတော်တွေကိုလှူဒါန်းနိုင်တယ်လို့ သိရပါတယ်။


