ကယားပြည်နယ် ၊လွိုင်ကော်မြို့ အဆင့်မြင့် သီရိမင်္ဂလာဈေးသစ်ကြီး ဖွင့်ပွဲမုခ်ဦးအား ဇန်နဝါရီ ၁၄ရက်နေ့က အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံး အမှုဆောင်ချုပ် က စက်ခလုတ်နှိပ်ပြီးဖွင့်လှစ်ပေးခဲ့ပါတယ်။သီရိမင်္ဂလာဈေးသစ်ကြီး သီရိမင်္ဂလာခန်းမအတွင်းမှာ အမှုဆောင်ချုပ်က နိုင်ငံတော်အကြီးအကဲ၏မူဝါဒအရ ပျက်စီးမှုများကို မူလထက်ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ခဲ့ကြတဲ့အတွက်လွိုင်ကော်မြို့ကို မြို့သစ်တစ်ခုကဲ့သို့ မြင်တွေ့ခွင့်ရပြီး၊ ယခုလိုဖြစ်အောင် ကြိုးစားဆောင်ရွက်ပေးခဲ့ကြတဲ့အတွက် တာဝန်ရှိသူများအားလုံးကို ကျေးဇူးတင်ရှိပါတယ်လို့လည်းဆိုပါတယ်။လွိုင်ကော်မြို့သည် ရေခံ၊ မြေခံ ကောင်းမွန်တဲ့ မြို့တစ်မြို့ဖြစ်တဲ့အတွက် အားလုံးပူးပေါင်းပါဝင်ပြီး တိုးတက်အောင် လုပ်ဆောင်မည်ဆိုလျှင် ယခုထက် အဆမတန် တိုးတက်ကောင်းမွန်တဲ့ မြို့တစ်မြို့ဖြစ် လာမှာဖြစ်တယ်လို့လည်း ပြောကြားခဲ့ပြီး သီရိမင်္ဂလာဈေးသစ်ကြီးအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့တယ်လို့လည်းသိရပါတယ်။



