back

(၁၁)ပွဲဆက်တိုက် အနိုင်ရရှိခြင်းက ဘာမှမဟုတ်ဘူးလို့ ဘာဆီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်ခ် ပြောကြား

Jan 16 • 2:43 AM

breaking-news

မြန်မာ

ပြည်ပ

cover

(၁၁)ပွဲဆက်တိုက် အနိုင်ရရှိခြင်းက ဘာမှမဟုတ်ဘူးလို့ ဘာဆီလိုနာအသင်းနည်းပြ ဟန်ဆီဖလစ်ခ် ပြောကြား

ဘာစီလိုနာအသင်းရဲ့နည်းပြ ဟန်ဆီဖလစ်ခ်က အသင်းအနေနဲ့ ပြိုင်ပွဲစုံ(၁၁)ပွဲဆက်တိုက်အနိုင်ရတာဟာ ဘာမှမဟုတ်ကြောင်းနဲ့ မိမိအနေနဲ့ အဲဒီလိုအချက်အလက်တွေကို စိတ်မဝင်စားကြောင်း...

ဘာစီလိုနာအသင်းရဲ့နည်းပြ ဟန်ဆီဖလစ်ခ်က အသင်းအနေနဲ့ ပြိုင်ပွဲစုံ(၁၁)ပွဲဆက်တိုက်အနိုင်ရတာဟာ ဘာမှမဟုတ်ကြောင်းနဲ့ မိမိအနေနဲ့ အဲဒီလိုအချက်အလက်တွေကို စိတ်မဝင်စားကြောင်း ပြောကြားခဲ့ပါတယ်။ဘာစီလိုနာအသင်းဟာ မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ စပိန်ဘုရင့်ဖလားပွဲမှာ ရေးဆင်းအသင်းကို အနိုင်ရခဲ့တာကြောင့် ပြိုင်ပွဲစုံ (၁၁)ပွဲဆက်တိုက် အနိုင်ရရှိတဲ့မှတ်တမ်းကို ပိုင်ဆိုင်ခဲ့တာပါ။ဘာစီလိုနာအသင်းဟာ နိုဝင်ဘာလက ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ချယ်လ်ဆီးကို ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း (၁၁)ပွဲဆက်တိုက် အနိုင်ရခဲ့တာဖြစ်ပြီး ဒီကာလအတွင်း စပိန်စူပါဖလားကိုလည်း ရယူနိုင်ခဲ့ပါတယ်။ဘာစီလိုနာအသင်းအနေနဲ့ ၂၀၀၅-၀၆ ရာသီတုန်းက (၁၈)ပွဲဆက်တိုက် အနိုင်ရရှိတာဟာ အသင်းရဲ့သမိုင်းမှာ နိုင်ပွဲဆက်မှုအများဆုံးဖြစ်ပြီး အခု (၁၁)ပွဲဆက် အနိုင်ရရှိခြင်းက ၂၀၁၄-၁၅ ရာသီက ဒုတိယနိုင်ပွဲဆက်မှုအများဆုံးမှတ်တမ်းကို လိုက်မီခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

news-view-count-icon

21