back

ချယ်လ်ဆီးနည်းပြ အမှားကျူးလွန်ခဲ့တဲ့ ဂိုးသမားဆန်းချက်ဇ်ကို ကာကွယ်ပြောဆို

Jan 16 • 2:42 AM

breaking-news

မြန်မာ

ပြည်ပ

cover

ချယ်လ်ဆီးနည်းပြ အမှားကျူးလွန်ခဲ့တဲ့ ဂိုးသမားဆန်းချက်ဇ်ကို ကာကွယ်ပြောဆို

ချယ်လ်ဆီးအသင်းနည်းပြ ရိုဆီနီရာက ပြီးခဲ့တဲ့ အာဆင်နယ်အသင်းနဲ့လိဂ်ဖလားဆီမီးဖိုင်နယ်ပထမအကျော့မှာ အမှားတွေကျူးလွန်ခဲ့သူ ဂိုးသမား ဆန်းချက်ဇ်ဘက်ကနေ ကာကွယ်ပြောဆိုခဲ့ပါတ...

ချယ်လ်ဆီးအသင်းနည်းပြ ရိုဆီနီရာက ပြီးခဲ့တဲ့ အာဆင်နယ်အသင်းနဲ့လိဂ်ဖလားဆီမီးဖိုင်နယ်ပထမအကျော့မှာ အမှားတွေကျူးလွန်ခဲ့သူ ဂိုးသမား ဆန်းချက်ဇ်ဘက်ကနေ ကာကွယ်ပြောဆိုခဲ့ပါတယ်။အာဆင်နယ်အသင်းနဲ့ပွဲမှာ ဂိုးသမားဆန်းချက်ဇ်ရဲ့ ပေါ့ဆမှုကြောင့် အာဆင်နယ်အသင်းဘက်ကို နှစ်ဂိုးပေးခဲ့ရပါတယ်။ ဒါပေမဲ့ ချယ်လ်ဆီးနည်းပြ ရိုဆီနီရာက ဂိုးသမားဆန်းချက်ဇ်တစ်ဦးတည်းရဲ့ အမှားမဟုတ်ဘဲ တစ်သင်းလုံးနဲ့ သက်ဆိုင်တယ်ဆိုပြီး ပြောခဲ့တာပါ။ရိုဆီနီရာက " ဒုတိယပိုင်းမှာ ဆန်းချက်ဇ်က ဂိုးပေါက်ကာကွယ်မှုလုပ်ပြပြီး ကမ္ဘာ့အဆင့်ဆိုတာ ပြသခဲ့တယ်။ အဲဒီကာကွယ်မှုတွေကြောင့်သာ ဒုတိယအကျော့မှာ ကျွန်တော်တို့အသင်း မျှော်လင့်ချက်ရှိနေတာပါ" လို့ပြောခဲ့ပါတယ်။ချယ်လ်ဆီးအသင်းက အာဆင်နယ်အသင်းနဲ့ လိဂ်ဖလားဆီမီးဖိုင်နယ် ပထမအကျော့မှာ နှစ်ဂိုးသုံးဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

news-view-count-icon

17