back

စင်ကာပူတွင် အတိုက်အခံပါတီ ခေါင်းဆောင်ပိုင်း ပြောင်းလဲရတော့မည့် နိုင်ငံရေး အချိုးအကွေ့

Jan 16 • 2:42 AM

breaking-news

စင်ကာပူ

ပြည်တွင်းသတင်း

cover

စင်ကာပူတွင် အတိုက်အခံပါတီ ခေါင်းဆောင်ပိုင်း ပြောင်းလဲရတော့မည့် နိုင်ငံရေး အချိုးအကွေ့

စင်ကာပူဝန်ကြီးချုပ် Lawrence Wong ဟာ Workers’ Party (WP) ရဲ့ အကြီးအကဲဖြစ်သူ Pritam Singh ကို အတိုက်အခံခေါင်းဆောင် (Leader of the Opposition) ရာထူးကနေ ဖယ်ရှားလို...

စင်ကာပူဝန်ကြီးချုပ် Lawrence Wong ဟာ Workers’ Party (WP) ရဲ့ အကြီးအကဲဖြစ်သူ Pritam Singh ကို အတိုက်အခံခေါင်းဆောင် (Leader of the Opposition) ရာထူးကနေ ဖယ်ရှားလိုက်ပြီး အဆိုပါရာထူးအတွက် အခြားသော လွှတ်တော်အမတ်တစ်ဦးကို အစားထိုး အမည်စာရင်းတင်သွင်းဖို့ ဇန်နဝါရီလ (၁၅) ရက်နေ့မှာ ပါတီထံ တောင်းဆိုလိုက်ပါတယ်။ ဝန်ကြီးချုပ်ရဲ့ ထုတ်ပြန်ချက်အရ Pritam Singh ဟာ လွှတ်တော်ကော်မတီကို လိမ်လည်ထွက်ဆိုမှုနဲ့ ပြစ်မှုထင်ရှား စီရင်ခြင်းခံထားရတာကြောင့် ဒီရာထူးမှာ ဆက်လက်တည်ရှိနေဖို့ မသင့်တော်တော့ဘူးလို့ ဖော်ပြထားပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ ချက်ချင်းအကျိုးသက်ရောက်မှုရှိပြီး Pritam Singh အနေနဲ့ အတိုက်အခံခေါင်းဆောင်တစ်ဦး ရရှိနိုင်တဲ့ အခွင့်အရေးတွေနဲ့ လစာခံစားခွင့်တွေ အားလုံး ဆုံးရှုံးသွားခဲ့ရပါတယ်။ဝန်ကြီးချုပ်က Workers’ Party (WP) ထံ ပေးပို့တဲ့စာမှာ အတိုက်အခံခေါင်းဆောင် ရာထူးဟာ စင်ကာပူနိုင်ငံရေးစနစ်မှာ အလွန်အရေးကြီးတဲ့ တာဝန်ဖြစ်ပြီး ရိုးသားမှုနဲ့ ဂုဏ်သိက္ခာ အမြင့်မားဆုံး ရှိရမယ့် ပုဂ္ဂိုလ်ဖြစ်ရမယ်လို့ အလေးပေး ပြောကြားထားပါတယ်။ ဒါ့အပြင် အမည်စာရင်း တင်သွင်းမယ့်သူဟာ အရင်က Raeesah Khan ရဲ့ အမှုနဲ့ ပတ်သက်ပြီး ပါဝင်ပတ်သက်မှု မရှိသူလည်း ဖြစ်ရမယ်လို့ ကန့်သတ်ထားပါတယ်။ လက်ရှိမှာ WP ပါတီမှာ ရွေးကောက်ခံ အမတ် (၁၀) ဦးနဲ့ မဲအချိုးကျ အမတ် (NCMP) (၂) ဦး ရှိနေပြီး အတိုက်အခံခေါင်းဆောင်သစ်ကို ဘယ်သူ့ကို ခန့်အပ်မလဲဆိုတာကိုတော့ ပါတီတွင်း သေချာတိုင်ပင်ပြီးမှ ပြန်လည်အကြောင်းပြန်မယ်လို့ သိရပါတယ်။

news-view-count-icon

11