back

စင်ကာပူတွင် အသက် (၈၇) နှစ်အရွယ် အဘိုးအိုအား လည်ပင်းညှစ်၍ နှိပ်စက်ခဲ့သည့် Nursing Home ဝန်ထမ်း ထောင်ဒဏ်ကျခံရ

Jan 16 • 2:41 AM

breaking-news

စင်ကာပူ

ပြည်တွင်းသတင်း

cover

စင်ကာပူတွင် အသက် (၈၇) နှစ်အရွယ် အဘိုးအိုအား လည်ပင်းညှစ်၍ နှိပ်စက်ခဲ့သည့် Nursing Home ဝန်ထမ်း ထောင်ဒဏ်ကျခံရ

စင်ကာပူနိုင်ငံရှိ Ren Ci @ Woodlands သက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာမှာ ကျန်းမာရေးစောင့်ရှောက်မှု အကူအညီပေးသူအဖြစ် လုပ်ကိုင်နေတဲ့ အသက် (၃၁) နှစ်အရွယ် သီရိလင်...

စင်ကာပူနိုင်ငံရှိ Ren Ci @ Woodlands သက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာမှာ ကျန်းမာရေးစောင့်ရှောက်မှု အကူအညီပေးသူအဖြစ် လုပ်ကိုင်နေတဲ့ အသက် (၃၁) နှစ်အရွယ် သီရိလင်္ကာနိုင်ငံသား Nursing Home ဝန်ထမ်း Damith ဟာ အကာအကွယ်မဲ့နေတဲ့ သက်ကြီးရွယ်အိုတစ်ဦးကို တမင်တကာ နာကျင်အောင် ပြုလုပ်ခဲ့မှုနဲ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၅) ရက်နေ့မှာ ထောင်ဒဏ် (၁၃) ပတ် ချမှတ်ခံလိုက်ရပါတယ်။ အဆိုပါ အဘိုးအိုမှာ အသက် (၈၇) နှစ်အရွယ် စင်ကာပူနိုင်ငံသားတစ်ဦးဖြစ်ပြီး ဒီမင်းရှား (Dementia) ဝေဒနာနဲ့အတူ အရိုးပွရောဂါကိုပါ ခံစားနေရသူ ဖြစ်ပါတယ်။Ren Ci Hospital ဘက်ကတော့ ဒီဖြစ်စဉ်ကို သိရှိပြီးချင်းမှာပဲ အဆိုပါ Nursing Home ဝန်ထမ်း ကို လုပ်ငန်းခွင်ကနေ ချက်ချင်းရပ်ဆိုင်းခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ကာ အလုပ်ကနေ ထုတ်ပယ်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့ထံ တိုင်ကြားမှုတွေကို ဇူလိုင်လ (၁၅) ရက်နေ့မှာ ပြုလုပ်ခဲ့ပြီးနောက် Damith ကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဂေဟာဘက်က နောင်မှာ ဒီလိုဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွားစေဖို့ ဝန်ထမ်းတွေကို လေ့ကျင့်သင်တန်းပေးမှုတွေ ပိုမိုတင်းကျပ်စွာ လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

news-view-count-icon

10