back

ကျိုက်ထီးရိုးဘုရားလာဖူးသူများ ရသေ့တောင်ဂိတ်မှာပင် မဆင်းတော့ဘဲ တောင်ပေါ်ထိ တန်းတက်လာ

Jan 16 • 2:37 AM

breaking-news

မြန်မာ

မွန်

cover

ကျိုက်ထီးရိုးဘုရားလာဖူးသူများ ရသေ့တောင်ဂိတ်မှာပင် မဆင်းတော့ဘဲ တောင်ပေါ်ထိ တန်းတက်လာ

မွန်ပြည်နယ်၊ကျိုက်ထီးရိုးတောင်တက်မော်တော်ယာဉ်များတွင် ယခုနောက်ပိုင်း ရင်ပြင်တော်ဂိတ်အထိစီးနင်းသော ခရီးသည်အများအပြားရှိနေပြီး ယခင်ကလို ရသေ့တောင်ဂိတ်၌ဆင်းသော ခရီး...

မွန်ပြည်နယ်၊ကျိုက်ထီးရိုးတောင်တက်မော်တော်ယာဉ်များတွင် ယခုနောက်ပိုင်း ရင်ပြင်တော်ဂိတ်အထိစီးနင်းသော ခရီးသည်အများအပြားရှိနေပြီး ယခင်ကလို ရသေ့တောင်ဂိတ်၌ဆင်းသော ခရီးသည်များမရှိသလောက်ဖြစ်လာကြောင်း တောင်တက်မော်တော်ယာဉ် ယာဉ်ပိုင်ရှင်များထံမှ သိရသည်။ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်သို့လာရောက်ဖူးမြော်ကြသော ဘုရားဖူးများမှာ ယခင်က တောင်တက်မော်တော်ယာဉ်များ စီးနင်းပြီး ရသေ့တောင်ဂိတ်တွင်ဆင်းကာ ယင်းမှရေမြေတောတောင် သဘာဝများကို ခံစား၍ တောင်ပေါ်သို့ခြေလျင်လမ်းလျှောက်ခဲ့ကြကြောင်း၊ ထို့ကြောင့် ရသေ့တောင်ဂိတ်စခန်းအနီးတွင် ကေဘယ်လ်ကားကိုလည်း စီစဉ်ထားပြီး ဘုရားဖူးအချို့မှာ ရသေ့တောင်မှ ကေဘယ်လ်ဖြင့် ရင်ပြင်တော်ဂိတ် အနီးသို့ စီးနင်းလာရောက်ခြင်းများလည်းရှိခဲ့သည်။

news-view-count-icon

38