တရားမဝင် ကုန်စည် တိုက်ဖျက်ရေး တင်းကြပ်လာပြီးနောက် မြန်မာနိုင်ငံ ကားအောက်ပိုင်း အပိုပစ္စည်းတွေ ဈေးတက်လာနေကြောင်း ကုန်တင်ယာဉ် ပိုင်ရှင်တွေနဲ့ ယာဉ်မောင်းတွေဆီက သိရပါတယ်။ "ရှမ်းမြောက်နဲ့ မန္တလေးက ကား ပစ္စည်း အတော် ဈေးကွာတယ်" လို့ ကုန်တင်ယာဉ်မောင်း တယောက်က ပြောပါတယ်။ တရုတ်နယ်စပ်ကနေ ဝင်လာတဲ့ ပစ္စည်းတွေ ဖမ်းဆီးနေတာကြောင့် ပစ္စည်းတွေ ကားအောက်ပိုင်း ပစ္စည်း ရောင်းရခက်သွားတာလို့ သူက ပြောပါတယ်။ "လိုချင်တဲ့ ပစ္စည်းရှာဝယ် မရဖြစ်လာတယ်။ ကျနော်တို့ ကားပစ္စည်းတွေ အတော် ပြတ်လာတယ်" လို့ ကုန်တင်ယဉ်ပိုင်ရှင် တယောက်ကလည်း ပြောပါတယ်။ ကားပစ္စည်း အရင်ကထက် နှစ်ဆလောက် တက်လာပြီး အရင်က တရားဝင် အခွန်ဆောင်ပြီး ဝင်တဲ့ ပစ္စည်းတွေက အခုက မှောင်ခို ပစ္စည်းတွေ ဖြစ်သွားကာ တချို့က ပစ္စည်းလက်ကျန် ရှိပေမယ့် လက်ရှိပေါက်ဈေး ရောင်းတာတွေ ရှိသလို သယ်ယူရခက်ခဲလာတာကြောင့် ဈေးကိုင်ထားတဲ့ သူတွေလည်းရှိတယ်လို့ ဆိုပါတယ်။ 
ပြည်တွင်း၌ တရားမဝင် ကုန်စည်တိုက်ဖျက်ရေး တင်းကြပ်လာပြီးနောက် ကားအောက်ပိုင်း အပိုပစ္စည်းတွေ ဈေးတက်ပြီး ဝယ်ယူရခက်လာ
Jan 16 • 2:36 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 29 | 0 | 0 | 0 |


