မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး ဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်း ကျောင်း(ဂန့်ဂေါ)ပုံညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ထို့နောက် တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးအတွက် ပညာရေးပဒေသာပင်ပံ့ပိုးငွေ ပေးအပ် ခြင်းအခမ်းအနားကိုကျင်းပခဲ့သည်။ဂန့်ဂေါမြို့နယ်အတွင်းရှိ တက္ကသိုလ် ဝင်တန်းကျောင်းသား/ကျောင်းသူများ၏ အားနည်းသောဘာသာရပ်ဖြစ်သည့် အင်္ဂလိပ်စာနှင့် သင်္ချာဘာသာ ရပ်အား စာစစ်ဦးစီးဌာနမှချမှတ်ထားသည့် အမှတ်ပေးစည်းမျဉ်းနှင့်အညီ ဖြေဆိုနည်းများအား အ.ထ.က (မြို့မ)ကျောင်းမှ အထက်တန်းပြ(အင်္ဂလိပ်)ဆရာမ ဒေါ်ခင်စောဝင်းနှင့် အ.ထ.က(ဂန့်ဂေါ)ကျောင်းမှ အထက်တန်းပြ(သင်္ချာ)ဆရာမ ဒေါ်စိုးမိုးအေးတို့က အသီးသီးရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ဂန့်ဂေါမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး ဆွေးနွေးပွဲ အခမ်းအနားကျင်းပ
Jan 16 • 2:35 AM
မြန်မာ
မကွေး
မျှဝေမည်
| 23 | 0 | 0 | 0 |


