ထိုင်းနိုင်ငံမှာ ကရိန်းပြိုကျမှုတွေ နှစ်ရက်ဆက်တိုက် ဖြစ်ပွားခဲ့ပြီးနောက် နိုင်ငံတကာမီဒီယာတွေရဲ့ အာရုံစိုက်မှုကို ရရှိနေသလို ထိုင်းနိုင်ငံရဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင် ဘေးကင်းလုံခြုံမှု စံချိန်စံညွှန်းတွေအပေါ် မေးခွန်းထုတ်မှုတွေလည်း မြင့်တက်လာပါတယ်။ ဇန်နဝါရီလ ၁၅ ရက်နေ့ မနက်ပိုင်းက ဘန်ကောက် ၊ ရာမ ၂ လမ်း မှာ ကရိန်းတစ်ခု ပြိုကျခဲ့သလို အဲဒီမတိုင်ခင် တစ်ရက်ကလည်း Nakhon Ratchasima ပြည်နယ်မှာ ခရီးသည်တင်ရထားပေါ် ကရိန်းပြိုကျခဲ့လို့ လူအများအပြား သေဆုံးဒဏ်ရာရခဲ့ပါတယ်။ထိုင်းနိုင်ငံရဲ့ ဆောက်လုပ်ရေးဆိုင်ရာ ဘေးကင်းလုံခြုံမှု မှတ်တမ်းဆိုးတွေနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ ပြင်းထန်နေသလိုကန်ထရိုက်တာကုမ္ပဏီကိုလည်း စောင့်ကြည့်စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ဖော်ပြထားပါတယ်။ထိုင်း ဝန်ကြီးချုပ် အနုတင် က ITD နဲ့ ချုပ်ဆိုထားတဲ့ သယ်ယူပို့ဆောင်ရေးဆိုင်ရာ စီမံကိန်းအကြီးစား စာချုပ်တွေကို ဖျက်သိမ်းဖို့၊ တရားဥပဒေအရ အရေးယူဆောင်ရွက်ဖို့နဲ့ အဲဒီကန်ထရိုက်တာကုမ္ပဏီကို နာမည်ပျက်စာရင်း (Blacklist) သွင်းဖို့ ပို့ဆောင်ရေးဝန်ကြီးဌာနကို ညွှန်ကြားထားကြောင်း ဇန်နဝါရီလ ၁၅ ရက်က ပြောကြားခဲ့ပါတယ်။



