back

ချင်းမိုင်မှာ ရေခဲမုန့် ရောင်းသည့် ဂျပန်အမျိုးသား အဖမ်းခံရ

Jan 16 • 2:32 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ချင်းမိုင်မှာ ရေခဲမုန့် ရောင်းသည့် ဂျပန်အမျိုးသား အဖမ်းခံရ

ထိုင်းနိုင်ငံ ၊ ချင်းမိုင်မြို့ ၊ ဟိုင်ယာ (Haiya) ရပ်ကွက်ရှိ ဘုရားကျောင်းတစ်ခုရှေ့တွင် Matcha အိမ်လုပ်ရေခဲမုန့်ဆိုင် ဖွင့်လှစ်ပြီး ရောင်းချနေသည့် ဂျပန်နိုင်ငံသာ...

ထိုင်းနိုင်ငံ ၊ ချင်းမိုင်မြို့ ၊ ဟိုင်ယာ (Haiya) ရပ်ကွက်ရှိ ဘုရားကျောင်းတစ်ခုရှေ့တွင် Matcha အိမ်လုပ်ရေခဲမုန့်ဆိုင် ဖွင့်လှစ်ပြီး ရောင်းချနေသည့် ဂျပန်နိုင်ငံသား အမျိုးသားကို အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (Work Permit) မရှိသည့်အတွက် ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ ယမန်နေ့ ၊ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ချင်းမိုင် လူဝင်မှုကြီးကြပ်ရေး စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ချင်းမိုင်ခရိုင် အလုပ်သမားရှာဖွေရေးရုံးနှင့် ပူးပေါင်း၍ ဟိုင်ယာ ရပ်ကွက်အတွင်းရှိ လုပ်ငန်းခွင်များကို စစ်ဆေးခဲ့ပြီး ၎င်းဆိုင်ရှိ ဂျပန်အမျိုးသားကိုဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်သည်။ လူမှုကွန်ရက်ပေါ်တွင် နိုင်ငံခြားသားတစ်ဦးသည် ဘုရားကျောင်းတစ်ခုရှေ့တွင် Matcha အိမ်လုပ်ရေခဲမုန့်ဆိုင် ဖွင့်လှစ်ထားပြီး အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (Work Permit) ရှိပုံမရကြောင်း သတင်းများ ပျံ့နှံ့နေခြင်းကြောင့် စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ဂျပန်နိုင်ငံသားသည် ထိုင်းနိုင်ငံတွင် Non-Immigrant O (ထိုင်းဇနီးနှင့်အတူ နေထိုင်ခွင့်) ဗီဇာဖြင့် နေထိုင်ကြောင်း၊ ရေခဲမုန့်ရောင်းချရာ၌ အလုပ်လုပ်ကိုင်ခွင့်လက်မှတ် လျှောက်ထားခြင်း မရှိကြောင်း ဝန်ခံခဲ့သည့်အတွက် ဥပဒေအရ ဆက်လက်အရေးယူရန် ချင်းမိုင်မြို့မရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

news-view-count-icon

36