back

ထိုင်းတွင် ဘတ်စ်ကား တိမ်းမှောက်ကာ မြန်မာလုပ်သား ၄၅ ဦး ဒဏ်ရာရ

Jan 16 • 2:33 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းတွင် ဘတ်စ်ကား တိမ်းမှောက်ကာ မြန်မာလုပ်သား ၄၅ ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမား ၄၅ ဦးအား တင်ဆောင်လာသော ဘတ်စ်ကားတစ်စီး တိမ်းမှောက်ခဲ့ပြီး လူအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ယမန်နေ့ (ဇန်နဝါရီလ ၁၅ ရက်) ၊ နံန...

ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမား ၄၅ ဦးအား တင်ဆောင်လာသော ဘတ်စ်ကားတစ်စီး တိမ်းမှောက်ခဲ့ပြီး လူအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ယမန်နေ့ (ဇန်နဝါရီလ ၁၅ ရက်) ၊ နံနက်တွင် ချွန်ဘူရီခရိုင်၊ စီရိရာချာမြို့၊ ပင်ထောင်စက်မှုဇုန် ၃ အဝင် ဘတ်စ်ကားမှတ်တိုင်အနီး၌ မြန်မာလုပ်သားများ တင်ဆောင်လာသော ဘတ်စ်ကားတစ်စီးသည် လမ်းဘေးသို့ ထိုးကျတိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။ ၎င်းနေရာသို့ ထိုင်းကယ်ဆယ်ရေးအဖွဲ့က သွားရောက်ကူညီခဲ့ပြီး ဘတ်စ်ကားအတွင်းတွင် အမျိုးသမီးတစ်ဦး ပိတ်မိနေခဲ့သည့်အတွက် ဖြတ်တောက်ရေးကိရိယာများဖြင့် ဘေးကင်းစွာ ကယ်ထုတ်နိုင်ခဲ့သည်။ဒဏ်ရာရရှိသူ အများစုမှာ ဦးခေါင်းထိခိုက်ဒဏ်ရာများနှင့် ဖူးရောင်နာကျင်မှုများ တွေ့ရပြီး ၎င်းတို့အားလုံးမှာ ပင်ထောင်စက်မှုဇုန်ရှိ စက်ရုံများမှ ဝန်ထမ်းများဖြစ်ကြကြောင်း ၊ ရှေးဦးသူနာပြုစုမှုများ ပြုလုပ်ပေးခဲ့ပြီးနောက် လူနာများ၏ ဆေးကုသမှုအာမခံချက် အကျုံးဝင်မှုအလိုက် ဆေးရုံအသီးသီးသို့ အဆင့်ဆင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

news-view-count-icon

17