ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါသီတဂူစက္ခုဒါနဆေးရုံတွင် ၅၅ ကြိမ်မြောက် အခမဲ့မျက်စိကုသမှု အစီအစဉ်ကို ၂၀၂၆-ခုနှစ် ဇန္နဝါရီလ ၂၈-ရက်မှ ဇန္နဝါရီလ ၃၁-ရက်ထိ ဖွင့်လှစ်ကုသသွားမည်ဖြစ်ပြီး ဇန္နဝါရီလ ၂၉-ရက်မတိုင်မီ အရောက်လာကြပါရန်နှိုးဆော်ထားကြောင်း သိရှိရသည် ။ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့ရှိ သီတဂူစက္ခုဒါန ဆေးရုံမှာ ၂၀၀၈ ခုနှစ်တွင် စတင်ဖွင့်လှစ်ကာ ၄ လတစ်ကြိမ် မျက်စိခွဲစိတ်မှုများ ပြုလုပ်ပေးလျက်ရှိပြီး မျက်စိလာရောက်ကုသသူများမှာ ရှမ်းပြည်နယ်အတွင်းရှိ သိန္ဒီ ၊ ကွတ်ခိုင် ၊ နမ့်စန် စသည့် ဒေသများအပြင် ပုဂံညောင်ဦး ၊ ရေစကြို ၊ ပခုက္ကူ စသည့် မြေပြန့်ဒေသများမှလည်း လာရောက်ကုသမှုများ ရှိခဲ့ကြောင်း သိရသည် ။



