back

မအူပင်မြို့နယ်တွင် ကမ်းပါးပြိုကျမှုကြောင့် နေအိမ် ၃ လုံးကိုအရေးပေါ်ပြောင်းရွှေ့ခဲ့ရ

Jan 15 • 2:45 PM

breaking-news

မြန်မာ

ဧရာ၀တီ

cover

မအူပင်မြို့နယ်တွင် ကမ်းပါးပြိုကျမှုကြောင့် နေအိမ် ၃ လုံးကိုအရေးပေါ်ပြောင်းရွှေ့ခဲ့ရ

ဧရာဝတီတိုင်း၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ တလုပ်လပ် အနောက်ကျေးရွာအုပ်စု၊ အောက်ပိုင်းကျေးရွာတွင် တိုးမြစ်ရေတိုက်စားမှုဒဏ်ကြောင့် ကမ်းပြိုကျမှုဖြစ်ပွားသဖြင့် လူန...

ဧရာဝတီတိုင်း၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ တလုပ်လပ် အနောက်ကျေးရွာအုပ်စု၊ အောက်ပိုင်းကျေးရွာတွင် တိုးမြစ်ရေတိုက်စားမှုဒဏ်ကြောင့် ကမ်းပြိုကျမှုဖြစ်ပွားသဖြင့် လူနေအိမ် ၃ လုံးကို အရေးပေါ်ပြောင်းရွှေ့ခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။တိုးမြစ်ရေတိုက်စားမှုကြောင့် ဇန်နဝါရီလ ၁၃ ရက် နံနက်ပိုင်းက မအူပင်မြို့နယ်၊ အောက်ပိုင်းကျေးရွာတွင်ကမ်းပြို ကျမှုဖြစ်ပွားလာသည့်အတွက် အန္တရာယ်ရှိသည့်အခြေအနေဖြစ်သဖြင့် လူနေအိမ် ၃ လုံးကို အရေးပေါ်ဖျက်သိမ်းကာ ကြိုတင်ပြောင်းရွှေ့ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။အဆိုပါ ကမ်းပါးပြိုကျမှုကြောင့် လူနှင့်တရိစ္ဆာန်များ ထိခိုက်သေဆုံးခြင်းမရှိဘဲ နေအိမ်အကောင်းများကို ကြိုတင်ဖျက်သိမ်းရွှေ့ပြောင်းရမှုကြောင့် ဆုံးရှုံးမှုရှိပြီး အိမ်သစ်ပြန်လည်တည်ဆောက်ရန် ခက်ခဲနေကြောင်း သိရသည်။



news-view-count-icon

18