back

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလှုပ်ရှားမှု ငွေဆောင်ကမ်းခြေ၌လုပ်ဆောင်မည်

Jan 15 • 2:44 PM

breaking-news

မြန်မာ

ရန်ကုန်

cover

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလှုပ်ရှားမှု ငွေဆောင်ကမ်းခြေ၌လုပ်ဆောင်မည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စုပေါင်းလှုပ်ရှားမည့်အစီအစဉ်တစ်ခုကို လာမည့်ဖေဖော်ဝါရီလ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် ငွေဆောင်ကမ်းခြေ၌ ပြုလုပ်သွားရန်စီစဉ်ထားကြေ...

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စုပေါင်းလှုပ်ရှားမည့်အစီအစဉ်တစ်ခုကို လာမည့်ဖေဖော်ဝါရီလ ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် ငွေဆောင်ကမ်းခြေ၌ ပြုလုပ်သွားရန်စီစဉ်ထားကြောင်း သိရသည်။အဆိုပါအစီအစဉ်မှာ Myanmar Underwater Federation မှ ဦးဆောင်ကာ Myanmar Dive Center မှ ပံပိုးကူညီမှုဖြင့် (၇) ကြိမ်မြောက်ပြုလုပ်မည့် သဘာပတ်ဝန်းကျင်ထိနိးသိမ်းရေး စုပေါင်းလှုပ်ရှားမှုလည်းဖြစ်သည်။ လက်ရှိတွင် သန္တာကျောက်တန်းများ၏ ပျက်ဆီးမှုအခြေအနေများ လျော့နည်းလာစေရန်၊ ကာကွယ်နိုင်ရန်နှင့် သတိပြုမိစေရန်အတွက် နှိုးဆော်ပေးသော လှုပ်ရှားမှုမျိုးလည်းဖြစ်သည်။ ယင်းနှင့်ပတ်သက်သော မီဒီယာရှင်းလင်းပွဲတစ်ရပ်ကို ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ MICT Park အတွင်းရှိ Concordia Office ၌ ဇန်နဝါရီ ၁၄ ရက်က ကျင်းပပြုလုပ်ခဲ့ကြသည်။လှုပ်ရှားမှုအစီအစဉ်တွင် သရုပ်ဆောင် သင်ဇာဝင့်ကျော်နှင့်အတူ အခြားသော celebrity များလည်း ပါဝင်မည်ဖြစ်ပြီး အစီအစဉ်ကို Level နှစ်ဆင့်သတ်မှတ်ထားကြောင်း၊ Level 1 အနေဖြင့် အမှိုက်ကောက်ရာတွင် ပူးပေါင်းပါဝင်ကူညီအားဖြည့်ပြီး မိမိကိုယ်ပိုင် Website/ Facebook Pages များတွင် အမှိုက်ကောက် campaign ကို ဝေမျှပေးခြင်းဖြင့်လည်းကောင်း၊ Level 2 အဆင့်တွင် ပွဲဖြစ်မြောက်ရန် လိုအပ်သော ရန်ပုံငွေများကို ပါဝင်ကူညီအားဖြည့်ပေးခြင်းဖြင့်လည်းကောင်း သတ်မှတ်ထားကြောင်း သိရသည်။လွန်ခဲ့သော ၂၀၂၅ ခုနှစ် မတ်လအတွင်းကလည်း (၆)ကြိမ်မြောက်အဖြစ် အလားတူလှုပ်ရှားမှုတစ်ခုကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။




news-view-count-icon

22