လတ်တလောတွင် ပြည်ပစျေးကွက်သို့ နယ်စပ်လမ်းကြောင်းမှ မြန်မာ့ဖရဲများတင်ပို့ရာတွင် လာအိုမှဖရဲများနှင့် စျေးကွက်မယှဉ်နိုင်ဘဲဖြစ်ကာ အခက်အခဲများကြုံလာကြောင်း ဖရဲသခွားမွှေးရောင်းဝယ်တင်ပို့နေသည့် လုပ်ငန်းရှင်များထံမှ သိရသည်။လက်ရှိအချိန်တွင် မိုင်းလားဘက်မှ တရုတ်စျေးကွက်သို့တင်ပို့ခြင်းဖြစ်ပြီး လာအိုဖရဲများမှာ ယခုနှစ်တွင် အရည်အသွေးပိုကောင်းကာ စျေးကွက်အတွင်းသို့ အလုံးအရင်းဖြင့် ဝင်ရောက်နေခြင်းလည်းဖြစ်သည်။ထို့ကြောင့် ပြည်တွင်းစျေးကွက်အတွင်းသို့သာ အဓိကထား၍ ဖြန့်ဖြူးရောင်းချရန် ပြင်ဆင်နေသူများလည်းရှိကြောင်း သိရသည်။



