back

ဘန်ကောက်တွင် ရှမ်းအချင်းချင်း ဓားခုတ်မှုဖြစ်

Jan 15 • 4:51 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ဘန်ကောက်တွင် ရှမ်းအချင်းချင်း ဓားခုတ်မှုဖြစ်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ လမ်စလီ ၅၂ / ၁လမ်းတွင် ရှမ်းအချင်းချင်း ဓားခုတ်မှုဖြစ်ပြီး ၂ ဦး ထိခိုက် ဒဏ်ရာရသည်ဟု သတင်းရင်းမြစ်များက ပြောသည်။ဇန်နဝါရီ ၁၂ ရက်၊ ည ၉ ...

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ လမ်စလီ ၅၂ / ၁လမ်းတွင် ရှမ်းအချင်းချင်း ဓားခုတ်မှုဖြစ်ပြီး ၂ ဦး ထိခိုက် ဒဏ်ရာရသည်ဟု သတင်းရင်းမြစ်များက ပြောသည်။ဇန်နဝါရီ ၁၂ ရက်၊ ည ၉ နာရီတွင် လမ်းလျှောက်လာသည့် ရှမ်းတိုင်းရင်းသား ၂ ဦးကို အခြားတစ်ဦးက အကြောင်းမဲ ဓားဖြင့် ခုတ်လိုက်ခြင်း ဖြစ်သည်။ဓားဖြင့် အခုတ်ခံရသဖြင့် ဦးခေါင်းတွင် ဒဏ်ရာရသူများသည် ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်မှ ထိုင်းနိုင်ငံသို့ အလုပ် လာလုပ်သည့် ရွေ့ပြောင်း လုပ်သားများ ဖြစ်သည်ဟု သတင်းရင်းမြစ်က ပြောသည်။ထို့နောက် ဒဏ်ရာရသူနှစ်ဦးကို ဆေးအဖွဲ့က ဆေးဝါးကုသပေးခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။ ယင်းအခင်းဖြစ်ရာသို့ ထိုင်းရဲတပ်ဖွဲ့များ လာရောက် စစ်ဆေးခဲ့သော်လည်း လက်ရှိအချိန်ထိ တရားခံ မဖမ်းမိသေးကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

news-view-count-icon

28