တရုတ်နိုင်ငံနှင့် အာဖရိကသမဂ္ဂ (AU) အတွက် အပြန်အလှန်ယုံကြည်မှု မြှင့်တင်ရန်နှင့် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရန် အခွင့်အခါကောင်းဖြစ်သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဇန်နဝါရီ ၁၂ ရက်က ပြောကြားခဲ့သည်။တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်လည်း ဖြစ်သူ ဝမ်က အာဖရိကသမဂ္ဂရုံးချုပ်၊ အီသီယိုးပီးယားနိုင်ငံ၊ တန်ဇန်းနီးယားနိုင်ငံနှင့် လီဆိုသိုနိုင်ငံသို့ ခရီးစဉ်များပြီးဆုံးပြီးနောက် တရုတ်မီဒီယာနှင့် အင်တာဗျူး၌ အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။အကြီးဆုံး ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံနှင့် ဖွံ့ဖြိုးဆဲနိုင်ငံ အရေအတွက်အများဆုံးပါဝင်သော ကုန်းမြေတိုက်အဖွဲ့အစည်းဖြစ်သည့် အာဖရိကသမဂ္ဂတို့အနေဖြင့် လတ်တလော စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန်၊ တရုတ်နှင့် အာဖရိက၏ တရားဝင်အခွင့်အရေးများနှင့် အကျိုးစီးပွားများအား ထိန်းသိမ်းစောင့်ရှောက်သည်သာမက ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ကိုယ်စီအကျိုးဆောင်နိုင်ရန် အတူတကွလုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဝမ်က ပြောခဲ့သည်။
တရုတ်နိုင်ငံနှင့် အာဖရိကသမဂ္ဂအတွက် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် အခွင့်အခါကောင်းဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြောကြား
Jan 15 • 4:50 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 8 | 0 | 0 | 0 |


