back

ပြည်တွင်း အသား ငါးစျေးကွက်မှာ ဆိတ်သားစျေးနှုန်း ၈သောင်းခွဲအထိ စံချိန်‌တင်‌ဈေးမြင့်တက်လာ

Jan 15 • 4:51 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည်တွင်း အသား ငါးစျေးကွက်မှာ ဆိတ်သားစျေးနှုန်း ၈သောင်းခွဲအထိ စံချိန်‌တင်‌ဈေးမြင့်တက်လာ

ပြည်တွင်း အသား ငါးစျေးကွက်မှာ ဆိတ်သားစျေးနှုန်းက စံချိန်‌တင်‌ဈေးမြင့်တက်လာပြီး ဝက်သား နဲ့ အမဲသားကလည်း အမြင့်စျေးနှုန်းမှာပဲ ဆက်ရှိနေတယ်လို့ အသားငါး ရောင်းချသူတွ...

ပြည်တွင်း အသား ငါးစျေးကွက်မှာ ဆိတ်သားစျေးနှုန်းက စံချိန်‌တင်‌ဈေးမြင့်တက်လာပြီး ဝက်သား နဲ့ အမဲသားကလည်း အမြင့်စျေးနှုန်းမှာပဲ ဆက်ရှိနေတယ်လို့ အသားငါး ရောင်းချသူတွေ ဆီကသိရပါတယ်။ဆိတ်သားစျေးက လက်ရှိ ပြည်တွင်း အသားစျေးကွက်မှာ တစ်ပိဿာကို ၈၅,၀၀၀ ကျပ်ဝန်းကျင် အထိစျေးနှုန်း မြင့်တက်နေတာ ဖြစ်တယ်လို့သိရပါတယ် ။ဝက်သားစျေးကတော့ သုံးထပ်သား အဆီအသား အရော တစ်ပိဿာကို ၃၂,၀၀၀ ကျပ်စျေးရှိပြီး နေရာဒေသအလိုက် စျေးကွာခြားတဲ့ အခြေအနေတွေကြောင့် အမြင့်ဆုံး တစ်ပိဿာကို ၄၅,၀၀၀ အထက်အထိ စျေးရှိတယ်လို့ သိရပါတယ်။ဆိတ်သား ၊ အမဲသား နဲ့ ဝက်သား စျေးနှုန်းတွေက မြင့်တက်နေတဲ့အတွက် စားသုံးမှုနှုန်းအနေနဲ့ ယခင်ကထက် ပိုပြီး လျော့ကျသွားတဲ့ အခြေအနေ ရှိတယ်လို့ သိရပါတယ်။

news-view-count-icon

44