အမေရိကန် စီးပွားရေးလုပ်ငန်းရှင် အီလွန်မက်စ် လက်အောက်ရှိ လူမှုမီဒီယာပလက်ဖောင်း X ၏ ဉာဏ်ရည်တု (AI) chatbot ဖြစ်သည့် “Grok” မှ ဖန်တီးပေးသော အကြောင်းအရာများသည် မလေးရှားဆိုက်ဘာလုံခြုံရေးဥပဒေများကို ချိုးဖောက်ခဲ့ရာ ယင်းပလက်ဖောင်းကို ဥပဒေအရ အရေးယူမှုများ ပြုလုပ်သွားမည်ဟု မလေးရှား ဆက်သွယ်ရေးနှင့် မာလ်တီမီဒီယာ ကော်မရှင် (MCMC) က ဇန်နဝါရီ ၁၃ ရက်တွင် ပြောကြားခဲ့သည်။ရှေ့နေခန့်အပ်ထားပြီး သက်ဆိုင်ရာ ဥပဒေလုပ်ငန်းစဉ်များကို စတင်လုပ်သွားမည်ဖြစ်ကြောင်း MCMC က ကြေညာချက်တွင် ပြောကြားခဲ့သည်။ ယင်းမတိုင်မီ အဆိုပါအဖွဲ့အစည်းသည် မလေးရှားအင်တာနက်အသုံးပြုများအနေဖြင့် “Grok” အား ဝင်ရောက်ကြည့်ရှုခြင်းကို ဇန်နဝါရီ ၁၁ ရက်မှစ၍ ကန့်သတ်ခဲ့သည်။



