တရုတ်ကမ်းခြေစောင့်တပ် (CCG) ၏ ရေယာဉ်တပ်ဖွဲ့တစ်ခု စုဖွဲ့ကာ တရုတ်နိုင်ငံ၏ တျောက်ယွီသောင်ကျွန်း ရေပိုင်နက်တွင် ဇန်နဝါရီ ၁၄ ရက်က ကင်းလှည့်ခဲ့သည်။အဆိုပါကင်းလှည့်မှုကို ဥပဒေနှင့်အညီ တရုတ်နိုင်ငံ၏ အခွင့်အရေးများအား ကာကွယ်ရန်အတွက် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း CCG ၏ ကြေညာချက်အရ သိရသည်။



