back

အဆင့်ဆင့်ထုတ်လုပ်စားစရာများနှင့်အဆုတ်ကင်ဆာဆက်စပ်နေကြောင်း လေ့လာတွေ့ရှိ

Jan 15 • 4:48 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

အဆင့်ဆင့်ထုတ်လုပ်စားစရာများနှင့်အဆုတ်ကင်ဆာဆက်စပ်နေကြောင်း လေ့လာတွေ့ရှိ

အဆင့်ဆင့်ထုတ်လုပ်စားစရာ (UPF)တွေဖြစ်တဲ့ ဝက်အူချောင်း၊ အာလူးကြော်၊ စက်ရုံထုတ်အသားများ၊ အသင့်စားစရာတွေကြောင့် နှလုံးရောဂါ၊ ဆီးချို၊ သက်တမ်းတိုခြင်းတို့ အပါအဝင် ဘ...

အဆင့်ဆင့်ထုတ်လုပ်စားစရာ (UPF)တွေဖြစ်တဲ့ ဝက်အူချောင်း၊ အာလူးကြော်၊ စက်ရုံထုတ်အသားများ၊ အသင့်စားစရာတွေကြောင့် နှလုံးရောဂါ၊ ဆီးချို၊ သက်တမ်းတိုခြင်းတို့ အပါအဝင် ဘေးအန္တရာယ်ပေါင်း ၃၀ ကျော် ဆက်စပ်နေကြောင်း တွေ့ရှိထားပြီး ဖြစ်ပါတယ်။ လေ့လာချက်အသစ်ထဲမှာ UPF အစားအစာတွေနဲ့ ဆက်စပ်နေတဲ့ ဘေးအန္တရာယ်စာရင်းထဲ အဆုတ်ကင်ဆာကိုပါ ထည့်သွင်းလာပါတယ်။ UPF တွေကို လျှော့ချစားသုံးခြင်းဖြင့် အဆုတ်ကင်ဆာဖြစ်နိုင်ခြေ လျော့နည်းစေနိုင်တယ်လို့ သုတေသီတွေ ယူဆထားပါတယ်။ ပျမ်းမျှအသက် ၆၂ နှစ်ရှိတဲ့ လူပေါင်း ၁၀၁,၀၀၀ ကျော်ရဲ့ စားသောက်ပုံတွေကို မေးမြန်းပြီး လေ့လာခဲ့ကြပါတယ်။ တာရှည်ခံဆေး၊ ဓာတုပစ္စည်းများပါဝင်တဲ့ စားစရာတွေကို UPF လို့ များသောအားဖြင့် သတ်မှတ်ပါတယ်။



news-view-count-icon

41