back

ရှမ်းပြည်နယ်၊ဟဲဟိုးလေဆိပ်မှာ တိုင်းရင်းသား ခရီးသွားများထံမှ နည်းမျိုးစုံ ငွေညှစ်တောင်းခံနေ

Jan 15 • 4:47 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်၊ဟဲဟိုးလေဆိပ်မှာ တိုင်းရင်းသား ခရီးသွားများထံမှ နည်းမျိုးစုံ ငွေညှစ်တောင်းခံနေ

ရှမ်းပြည်နယ်၊ဟဲဟိုးလေဆိပ်မှတဆင့် ဝင်ထွက်သွားလာနေတဲ့ ခရီးသွားများထံမှ တာဝန်ကျ လုံခြုံရေးဝန်ထမ်းတွေက နည်းမျိုးစုံဖြင့် ငွေညှစ်တောင်းခံနေတယ်လို့ ကိုယ်တိုင်ကြုံတွေ့...

ရှမ်းပြည်နယ်၊ဟဲဟိုးလေဆိပ်မှတဆင့် ဝင်ထွက်သွားလာနေတဲ့ ခရီးသွားများထံမှ တာဝန်ကျ လုံခြုံရေးဝန်ထမ်းတွေက နည်းမျိုးစုံဖြင့် ငွေညှစ်တောင်းခံနေတယ်လို့ ကိုယ်တိုင်ကြုံတွေ့လာရတဲ့ ခရီးသွားတွေက ပြောပါတယ်။လေဆိပ်ဝန်ထမ်းတွေက ရဲစခန်း ထောက်ခံစာမပါတာ၊ မှတ်ပုံတင်၊ စမတ်ကတ်များနဲ့ပတ်သက်ပြီး အကြောင်းရှာခြင်းတို့ဖြင့် ငွေညှစ်တောင်းခံနေတာဖြစ်တယ်လို့ ဇန်နဝါရီလပထမပတ်အတွင်း ဟဲဟိုးလေဆိပ်မှာ ငွေညှစ်တောင်းခံမှုကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတစ်ဦးက ပြောပါတယ်။ ဒါ့အပြင် အကြောင်းအမျိုးမျိုးပြကာ ကျပ်ငွေ သောင်းဂဏန်းမှ သိန်းဂဏန်းအထိ တောင်းခံမှုများရှိကြောင်း၊ ဒေသခံများအကြား ဟဲဟိုးလေဆိပ် လုံခြုံရေးကော်မတီဝန်ထမ်းများ ငွေညှစ်တောင်းခံမှုမှာ နာမည်ကြီးနေကြောင်း အခြားကိုယ်တွေ့ကြုံရတဲ့ ခရီးသည်တွေက ပြောပါတယ်။

news-view-count-icon

21