back

စင်ကာပူရဲတပ်ဖွဲ့ကလေသေနတ်၊ ဆာမူရိုင်းဓားနှင့် လက်နက်မျိုးစုံ လက်ဝယ်ထားရှိသူ (၅) ဦးအား ဖမ်းဆီးအရေးယူ

Jan 15 • 4:44 AM

breaking-news

စင်ကာပူ

ပြည်တွင်းသတင်း

cover

စင်ကာပူရဲတပ်ဖွဲ့ကလေသေနတ်၊ ဆာမူရိုင်းဓားနှင့် လက်နက်မျိုးစုံ လက်ဝယ်ထားရှိသူ (၅) ဦးအား ဖမ်းဆီးအရေးယူ

စင်ကာပူနိုင်ငံ Woodlands Close ရှိ Primz Bizhub မှာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့ ညနေ ၄ နာရီ ၂၀ မိနစ်ဝန်းကျင်က ခွင့်ပြုချက်မရှိဘဲ သေနတ်လက်ဝယ်ထားရှိကြောင်း သတ...

စင်ကာပူနိုင်ငံ Woodlands Close ရှိ Primz Bizhub မှာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့ ညနေ ၄ နာရီ ၂၀ မိနစ်ဝန်းကျင်က ခွင့်ပြုချက်မရှိဘဲ သေနတ်လက်ဝယ်ထားရှိကြောင်း သတင်းပေးချက်အရ ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာမှ ယခုအမှု စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေဟာ CCTV မှတ်တမ်းတွေနဲ့ မြေပြင်စုံစမ်းထောက်လှမ်းမှုတွေကို အသုံးပြုပြီး အသက် ၂၃ နှစ်အရွယ် အမျိုးသားတစ်ဦးကို (၈) နာရီအတွင်း အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပါတယ်။ အဆိုပါ အမျိုးသားနဲ့အတူ အသက် ၂၃ နှစ်ကနေ ၃၇ နှစ်အတွင်းရှိတဲ့ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၅ ဦးကို ရဲတပ်ဖွဲ့က တွေ့ရှိဖမ်းဆီးခဲ့ပါတယ်။အဖမ်းခံရသူတွေထဲက အသက် ၂၃ နှစ်နဲ့ ၃၄ နှစ်အရွယ် အမျိုးသားနှစ်ဦးကိုတော့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့မှာ တရားရုံးမှာ တရားစွဲဆိုသွားမှာ ဖြစ်ပါတယ်။ ၎င်းတို့ဟာ ပြင်းထန်ပြီး ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းများနဲ့ လက်နက်များ အက်ဥပဒေအရ အရေးယူခံရမှာဖြစ်ပြီး ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၅ နှစ်အထိနဲ့ ကြိမ်ဒဏ် အနည်းဆုံး ၆ ချက်ကျခံရနိုင်ပါတယ်။

news-view-count-icon

9