စင်ကာပူနိုင်ငံမှာရှိတဲ့ စားသုံးသူတွေအနေနဲ့ မိမိတို့ဝယ်ယူထားတဲ့ စည်သွပ်ဘူးထုတ်ကုန်တစ်ခုကို အထူးသတိပြုကြဖို့ သတင်းထုတ်ပြန်ထားပါတယ်။ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့မှာ စင်ကာပူအစားအသောက်အေဂျင်စီ (SFA) က Community Co အမှတ်တံဆိပ် Beetroot (မုန်လာဥနီအဝိုင်း) စည်သွပ်ဘူးတွေကို ဈေးကွက်အတွင်းကနေ ပြန်လည်သိမ်းဆည်းဖို့ ညွှန်ကြားလိုက်ပါတယ်။စင်ကာပူနိုင်ငံသားတွေနဲ့ ဒေသခံတွေကြား အသုံးများတဲ့ Community Co အမှတ်တံဆိပ် Diced Beetroot စည်သွပ်ဘူးတွေမှာ သံချေးတွေပါဝင်နေနိုင်တဲ့အတွက် အဆိုပါထုတ်ကုန်တွေကို မစားသုံးကြဖို့ SFA က အသိပေးထားပါတယ်။ အဓိကပြဿနာကတော့ စည်သွပ်ဘူးရဲ့ ထုပ်ပိုးမှုအပိုင်းမှာ ချို့ယွင်းချက်ရှိနေတာဖြစ်ပြီး အဲ့ဒီကတစ်ဆင့် ဘူးအတွင်းပိုင်း သံချေးတက်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ စည်သွပ်ဘူးရဲ့ ကြံ့ခိုင်မှုအားနည်းသွားတဲ့အခါ အထဲမှာရှိတဲ့ အစားအသောက်တွေဟာ ပြင်ပကနေ ကူးစက်ညစ်ညမ်းမှုတွေ ဖြစ်ပေါ်စေနိုင်တာကြောင့် အခုလို ကြိုတင်ကာကွယ်တဲ့အနေနဲ့ လုပ်ဆောင်ရတာဖြစ်ကြောင်း သိရပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီး SFA က တင်သွင်းသူဖြစ်တဲ့ Redmart ကုမ္ပဏီကို အဆိုပါထုတ်ကုန်အသုတ်တွေကို ဈေးကွက်ထဲကနေ အမြန်ဆုံးပြန်လည်သိမ်းဆည်းဖို့ ညွှန်ကြားထားပြီး ဖြစ်ပါတယ်။ 
Jan 15 • 4:45 AM
စင်ကာပူ
ပြည်တွင်းသတင်း
မျှဝေမည်
| 12 | 0 | 0 | 0 |


