back

အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၂၃ သန်းဖြင့် ဗဟိုဘဏ်မှထုတ်ရောင်းပေး

Jan 15 • 4:30 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၂၃ သန်းဖြင့် ဗဟိုဘဏ်မှထုတ်ရောင်းပေး

ဗဟိုဘဏ်မှ CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၂၃ သန်းကို စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများသို့ရောင်းချပေးခဲ့ကြောင်း ထုတ...

ဗဟိုဘဏ်မှ CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၂၃ သန်းကို စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများသို့ရောင်းချပေးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။FX Trading တွင် စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများ၊ ဓာတ်မြေဩဇာ ၊ ကား/ဆိုင်ကယ်အပိုပစ္စည်း၊ ဆေးဝါးနှင့် ဆေးဝါးကုန်ကြမ်းပစ္စည်း၊ စက်မှုကုန်ကြမ်းပစ္စည်းများ၊ တိရိစ္ဆာန်အစာ ၊ ဆက်သွယ်ရေးလုပ်ငန်းသုံးပစ္စည်းများ ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ စားသုံးကုန်စည်တင်သွင်းသည့် Importer များမှ နိုင်ငံခြားငွေဝယ်ယူရရှိခဲ့ခြင်းဖြစ်သည်။

ဗဟိုဘဏ်အနေဖြင့် ဇန်နဝါရီလ ၁၄ ရက်နေ့၊ FX Trading Platform တွင် အမေရိကန်ဒေါ်လာငွေလဲနှုန်းကို ၃,၆၅၀ ကျပ် သတ်မှတ်ရောင်းဝယ်ခဲ့သည်။ နိုင်ငံခြားငွေကြေးဈေးကွက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ ၂၅ သန်း ရောင်းချပေးမည်ဖြစ်ကြောင်း ဗဟိုဘဏ်က ဇန်နဝါရီ ၁၄ ရက်တွင်အသိပေးထားသည်။

news-view-count-icon

41