ဒီနေ့ (ဇန်နဝါရီ ၁၅ရက်) မနက်ပိုင်းမှာ ရာမ ၂ လမ်းပေါ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်သုံး ကရိန်းတစ်ခု ပြိုကျခဲ့တဲ့အတွက် လူ ၁ ဦး ေ-သဆုံးပြီး ဒဏ်ရာရရှိသူတွေ ရှိနေပါတယ်။ Samut Sakhon က Tha Chin River Bridge မရောက်ခင်နားမှာ ဖြစ်ပွားခဲ့တာပါ။သတင်းထောက်တွေရဲ့ ဖော်ပြချက်အရ မနက် ၉ နာရီ ၁၅ မိနစ်ဝန်းကျင်လောက်မှာ ရာမ ၂ လမ်း (အထွက်လမ်း) ပေါ်မှာ ကရိန်း ပြိုကျခဲ့တာ ဖြစ်ပါတယ်။ ကနဦး သတင်းတွေအရ လူ ၁ ဦး ေ-သဆုံးကြောင်း အတည်ပြုထားပြီး တခြား ထိခိုက်ဒဏ်ရာရသူ အများအပြားလည်း ရှိနေပါတယ်။လက်ရှိအချိန်မှာ တာဝန်ရှိသူတွေက အခင်းဖြစ်ပွားရာ နေရာကို ရောက်ရှိ စစ်ဆေးနေကြပါတယ်။



