back

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့တွင် ပြင်းထန် ငလျင်ကြောင့် ထိခိုက်ခံစားသူများအတွက်ကြက်ခြေနီမှ ကန့်သတ်ချက်မဲ့ တတိယအကြိမ် ငွေသားထောက်ပံ့ကူညီ

Jan 15 • 3:53 AM

breaking-news

မြန်မာ

ရှမ်း

breaking-news
cover

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့တွင် ပြင်းထန် ငလျင်ကြောင့် ထိခိုက်ခံစားသူများအတွက်ကြက်ခြေနီမှ ကန့်သတ်ချက်မဲ့ တတိယအကြိမ် ငွေသားထောက်ပံ့ကူညီ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်ရှိ ငါးဖယ်ချောင်း၊ဟဲယာရွာမ နှင့် အင်းပေါခုံ ကျေးရွာတို့တွင်မတ်လအတွင်း ဖြစ်ပွားခဲ့သည့် ပြင်းထန်ငလျင်ကြောင့် ထိခိုက်ခံ...

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်ရှိ ငါးဖယ်ချောင်း၊ဟဲယာရွာမ နှင့် အင်းပေါခုံ ကျေးရွာတို့တွင်မတ်လအတွင်း ဖြစ်ပွားခဲ့သည့် ပြင်းထန်ငလျင်ကြောင့် ထိခိုက်ခံစားခဲ့ရသူများ ပြန်လည်ထူထောင်ရေးအတွက် တတိယအကြိမ် ငွေသားထောက်ပံ့ခြင်း အစီအစဉ်အရ ငလျင်ဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ငွေများပေးဝေခြင်းကို မြန်မာနိုင်ငံကြက်ခြေနီအသင်း စေတနာလုပ်အားရှင်များနှင့် ဝန်ထမ်းများတို့မှ ဇန်နဝါရီလ (၁၄)ရက်နေ့တွင် သွားရောက် ပေးဝေပြုလုပ်ခဲ့ပါသည်။ထောက်ပံ့ရာတွင် ငါးဖယ်ချောင်းမှ အိမ်ထောင်စုပေါင်း (၂၂)စု၊ ဟဲယာရွာမမှ (၁၁၈)စု နှင့် အင်းပေါခုံမှ (၁၈၆)စု၊ အိမ်ထောင်စု၊ စုစုပေါင်း (၃၂၆)စုအတွက် အိမ်ထောင်စု (၁)စုလျင် ငွေသား ကျပ်(၄)သိန်းနှုန်းဖြင့် သိန်း (၁၃၀,၄၀၀,၀၀၀) ကျပ်ကို ငလျင်ဘေးသင့် အိမ်ထောင်စုများ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ပါသည်။

news-view-count-icon

47