ထိုင်းနိုင်ငံတွင် နေထိုင်ကြသည့် မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံ၏ ဥပဒေနှင့် စည်းမျဉ်းများ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း၊ ဒေသန္တရစည်းကမ်းများကို လေးစားလိုက်နာကြရန် နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန် အသိပေးသည်။ ထိုင်းနိုင်ငံ၏ နိုင်ငံရေးနှင့် အုပ်ချုပ်မှုရေးရာ ကိစ္စရပ်များတွင် ပါဝင် ပတ်သက်ခြင်း မပြုကြရန်၊တရားဥပဒေနှင့်မညီသည့် မည်သည့်ကိစ္စရပ်များတွင်မျှ ပါဝင်ပတ်သက်ခြင်း မပြုကြရန်နှင့် အိမ်ရှင်လူမှုအသိုင်းအဝိုင်း၏ တန်ဘိုးထားမှု၊ လူနေမှုပုံစံများနှင့်အညီ သဟဇာတဖြစ်စွာ လိုက်လျောညီထွေနေထိုင်ကြရန်လည်း ထုတ်ပြန်သည်။



