ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီခရိုင်တွင် ယမန်နေ့ ၊ ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက်၌ နယ်စပ်မှတရားမဝင် ဝင်ရောက်လာသည့် မြန်မာအလုပ်သမား ၅၁ ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။ နံနက် ၇ နာရီ ခွဲခန့်တွင် ကန်ချနာဘူရီ၊ မောင်ခရိုင်၊ လတ်ယာရပ်ကွက်၊ ဆန်းချူတိုလမ်းပေါ်တွင် အလုံပိတ်နောက်တွဲပါသည့် ပစ်ကပ်ကားတစ်စီးပေါ်မှ မြန်မာနိုင်ငံသားယာဉ်မောင်းနှင့်အတူ မြန်မာရွှေ့ပြောင်းလုပ်သား ၅၁ ဦးကို ဖမ်းဆီးခဲ့ကြောင်းသိရသည်။မြန်မာယာဉ်မောင်းအား လဝက အက်ဥပဒေဖောက်ဖျက်ခြင်း ၊ မြန်မာရွှေ့ပြောင်းလုပ်သား များအား ခွင့်ပြုချက်မရှိဘဲ နိုင်ငံအတွင်း ဝင်ရောက်ခြင်းများဖြင့် ဥပဒေအရ အရေးယူရန် လတ်ယာရဲစခန်းသို့ ပို့ဆောင်ခဲ့ပြီး မှောင်ခိုကွန်ရက်တွင် ပါဝင်သည့် အခြားအဖွဲ့ဝင်များကို ဆက်လက် စုံစမ်းမည်ဖြစ်ကြောင်း ထိုင်းသတင်းကဖော်ပြသည်။ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသူများ ယခုရက်ပိုင်းအတွင်း ဖမ်းဆီးနေပြီးဇန်နဝါရီလ ၆ ရက်နေ့တွင် ထိုင်းနိုင်ငံတောင်ပိုင်း ၊ ပရာကျော့ခီရီခန်မြို့နယ်ရှိအုန်းခြံတစ်ခုအတွင်း၌ မလေးရှားသို့ တရားမဝင် သွားရောက်ကြမည့် မြန်မာနိုင်ငံသား ၂၀ ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။
Jan 15 • 2:39 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 24 | 0 | 0 | 0 |


