back

ကယားပြည်နယ်၊KDEP ကွန်ပျုတာသင်တန်းကျောင်းက သင်တန်းသားသစ်များ ခေါ်ယူနေ

Jan 15 • 2:37 AM

breaking-news

မြန်မာ

ကယား

cover

ကယားပြည်နယ်၊KDEP ကွန်ပျုတာသင်တန်းကျောင်းက သင်တန်းသားသစ်များ ခေါ်ယူနေ

ကယားပြည်နယ်၊Karenni Digital Empowerment Program (KDEP) ကွန်ပျူတာသင်တန်းကျောင်းက အပတ်စဉ် (၂) အတွက် သင်တန်းသားများ ခေါ်ယူနေကြောင်း ထုတ်ပြန်ထားသည်။" ဒီကရင်နီထဲက လူ...

ကယားပြည်နယ်၊Karenni Digital Empowerment Program (KDEP) ကွန်ပျူတာသင်တန်းကျောင်းက အပတ်စဉ် (၂) အတွက် သင်တန်းသားများ ခေါ်ယူနေကြောင်း ထုတ်ပြန်ထားသည်။" ဒီကရင်နီထဲက လူငယ်၊ လူလတ်ပိုင်းတွေ နည်းပညာကို ပိုမိုသိရှိဖို့အတွက်ပါ" ဟု ၎င်းက ဆက်လက်ပြောသည်။ထိုသင်တန်းတွင် အခြေခံကွန်ပျူတာ အသုံးပြုခြင်း၊ နေ့စဉ်ဘဝအတွက် လိုအပ်သော အွန်လိုင်းနည်းပညာများအပြင် ပရိုဂရမ်ရေးသားခြင်း အခြေခံတို့ကိုပါ သင်ကြားပေးမည်ဖြစ်ကြောင်း ဆိုသည်။သင်တန်းကာလမှာ (၃) လ ကြာမြင့်မည်ဖြစ်ပြီး သင်တန်းသား (၄၀) ဦးသာ လက်ခံသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။ ထို့ကြောင့် လျှောက်လွှာများကို KDEP Page Messenger မှတစ်ဆင့် ဖြစ်စေ၊ မြေပြင်ရှိ KDEP သင်တန်းကျောင်းသို့ ကိုယ်တိုင်လာရောက်၍ဖြစ်စေ ထုတ်ယူပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၃) ရက်နေ့အထိ လျှောက်ထားနိုင်ကြောင်း အသိပေးထားသည်။

news-view-count-icon

13