back

ကယားပြည်နယ်တွင် လူပေါင်း၆၀ဦးကျော်ထံမှ ငွေကြေးလိမ်လည်သော ဆုပြည့်အောင်ကို ထောင်ဒဏ်ချမှတ်

Jan 15 • 2:36 AM

breaking-news

မြန်မာ

ကယား

cover

ကယားပြည်နယ်တွင် လူပေါင်း၆၀ဦးကျော်ထံမှ ငွေကြေးလိမ်လည်သော ဆုပြည့်အောင်ကို ထောင်ဒဏ်ချမှတ်

ကယားပြည်နယ်(ကရင်နီ)ပြည်နယ်အတွင်းရှိ လူပေါင်း ၆၀ ကျော်ထံတွင် ငွေကြေးလိမ်လည်ခဲ့သည့် ဆုပြည့်အောင်ကို ကရင်နီပြည်နယ် မြို့နယ်တရားရုံးတစ်ခုက ထောင်ဒဏ်ချမှတ်လိုက်ကြောင်...

ကယားပြည်နယ်(ကရင်နီ)ပြည်နယ်အတွင်းရှိ လူပေါင်း ၆၀ ကျော်ထံတွင် ငွေကြေးလိမ်လည်ခဲ့သည့် ဆုပြည့်အောင်ကို ကရင်နီပြည်နယ် မြို့နယ်တရားရုံးတစ်ခုက ထောင်ဒဏ်ချမှတ်လိုက်ကြောင်း ငွေလိမ်ခံထားရသည့် တရားလိုများက ပြောကြားသည်။" အစက စွဲချက်တင်ထားတာက ၄၀၆ နဲ့ ၄၂၀ ရယ်နဲ့ ပေါ့နော် ။ အခုက အမိန့်ချလိုက်တာက ၄၂၀ နဲ့ ၃ မှုကို ၉ နှစ်ကျတယ်" ဟု အမှုဖွင့်ထားသူ တစ်ဦးက ပြောသည်။ ဆုပြည့်အောင်သည် မိခင်ဆေးကုရန်နှင့် နေရပ်စွန့်ခွာရသူများအား ကူညီရန် ဟူသော အကြောင်းပြချက်များဖြင့် လူပေါင်း အယောက် ၆၀ ထံမှ ငွေ သိန်း ၃၀၀ နီးပါးကို လိုက်လံချေးငှား၍ လိမ်လည်ခဲ့ခြင်းဖြစ်သည်။အလိမ်ခံရသူများပြားသော်လည်း ဆုပြည့်အောင်ကို အမှုဖွင့်တိုင်ကြားသူမှာ ၃ ဦးသာ ရှိခဲ့ပြီး တစ်မှုကို ထောင်ဒဏ် ၃နှစ် သီးခြားစီအမိန့်ချခဲ့ခြင်းဖြစ်သည်။

news-view-count-icon

19