back

ကယားပြည်နယ်(‎ကရင်နီ)ဆေးကောလိပ်ကျောင်း(Karenni Medical College)တွင် အခမ်းအနားပြုလုပ်

Jan 15 • 2:35 AM

breaking-news

မြန်မာ

ကယား

cover

ကယားပြည်နယ်(‎ကရင်နီ)ဆေးကောလိပ်ကျောင်း(Karenni Medical College)တွင် အခမ်းအနားပြုလုပ်

‎ကယား(ကရင်နီ)ပြည်နယ်မှာရှိတဲ့ ကရင်နီဆေးကောလိပ်ကျောင်း(Karenni Medical College)ရဲ့ မောင်မယ်သစ်လွင်ကြိုဆိုခြင်း၊ ဂျူတီကုတ်အပ်နှင်းခြင်း နဲ့ နားကြပ်အပ်နှင်းခြင်း အ...

‎ကယား(ကရင်နီ)ပြည်နယ်မှာရှိတဲ့ ကရင်နီဆေးကောလိပ်ကျောင်း(Karenni Medical College)ရဲ့ မောင်မယ်သစ်လွင်ကြိုဆိုခြင်း၊ ဂျူတီကုတ်အပ်နှင်းခြင်း နဲ့ နားကြပ်အပ်နှင်းခြင်း အခမ်းအနားတစ်ရပ်ကို ဇန်နဝါရီလ ၁၁ရက်နေ့က ကယား(ကရင်နီ)ပြည်အတွင်းရှိ မြေပြင်တစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအခမ်းအနားရဲ့ပထမပိုင်းအစီအစဉ်မှာ ကျောင်းတာဝန်ခံကနေပြီး အဖွင့်အမှာစကားပြောကြားခြင်း၊ ရိုးရာအကတွေနဲ့ တင်ဆက်ဖျော်ဖြေခြင်း၊ ပထမနှစ်မှာထူးချွန်ဆုရတဲ့ ကျောင်းသား/သူတွေကို ဆုချီးမြှင့်တာတွေအပြင် ကျောင်းသား/သူအသစ်တွေကိုဂျူတီကုတ်အပ်နှင်းခြင်းနဲ့ နားကြပ်အပ်နှင်းခြင်း စတဲ့အစီအစဉ်တွေလည်းပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်ကရင်နီဆေးကောလိပ်ကျောင်းကို ၂၀၂၃ခုနှစ်၊ မတ်လ ၁၀ရက်နေ့မှာစတင်တည်ထောင်ခဲ့တာဖြစ်ပြီး ပထမအသုတ်မှာ ကျောင်းသား/သူ (၃၇)ဦးတက်ရောက်ခဲ့ကြပြီး ယခု ဒုတိယအသုတ်မှာတော့ ကျောင်းသား/သူ (၂၇)ဦးခန့်တက်ရောက်ပညာသင်ယူနေကြတယ်လို့သိရပါတယ်။

news-view-count-icon

63